Sunday, November 28, 2010

ငါမရူးချင်တော့ဘူး

ကဲ
ခံစားချက်တွေ လာမပေးနဲ့
ငါ
မရူးချင်ဘူး ။

ကဲ
နင့်မာယာတွေနဲ့ လာမပြုစားနဲ့
ငါ
မရူးချင်ဘူး ။

ကဲ
စကားလုံးလှလှတွေနဲ့ လာမနှောင်နဲ့
ငါ
မရူးချင်ဘူး

ကဲ
အိမ်မက်ထဲလဲ နင်မလာနဲ့
ငါ
မရူးချင်ဘူး

ကဲ
နင့်ကဗျာတွေလဲ လာမပြနဲ့
ငါ
မရူးချင်ဘူး

ကဲ
သီချင်းတွေလဲ လာမဆိုပြနဲ့
ငါ
မရူးချင်ဘူး

ငါဆိုတာ
အချစ်ဆိုတာ
ကြောက်လွန်းလို့
...............
ခံစားရမယ်ဆိုတာလည်း
ကြောက်လွန်းလို့.
..........................

ငါ
နင့်ကို
မရူးချင်တော့ဘူး ဟာ..........

နှင်းဆီသံစဉ်

No comments:

Post a Comment