Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, November 28, 2010

မေမေသို့...

ကောင်းကင်ကို ငါမော့ကြည့်မိတယ်
အိုး ခဏတာလေး ငါရင်မော.........
ငါ့အသက်ရှုသံတွေရပ်သွားတယ်.......
ခံစားချက်တွေ နူးညံ့လိုက်တာ......
နှလုံးသားလေးတစ်ဒိတ်ဒိတ်နဲ့
လက်ဖျားတွေလည်း အေးစက်လာတယ်။
အိုး ကြယ်လေးတွေရယ်
တောက်ပလိုက်တာ.......
အိုး ဖိုးလမင်းရယ်
လှရက်နိုင်လွန်းလိုက်တာ............
ဟင်
ငါ့ပါးပြင်မှာ မျက်ရည်စတွေနဲ့
အို... မေမေရေ
လွမ်းလိုက်တာ........

နှင်းဆီသံစဉ်

ငါမရူးချင်တော့ဘူး

ကဲ
ခံစားချက်တွေ လာမပေးနဲ့
ငါ
မရူးချင်ဘူး ။

ကဲ
နင့်မာယာတွေနဲ့ လာမပြုစားနဲ့
ငါ
မရူးချင်ဘူး ။

ကဲ
စကားလုံးလှလှတွေနဲ့ လာမနှောင်နဲ့
ငါ
မရူးချင်ဘူး

ကဲ
အိမ်မက်ထဲလဲ နင်မလာနဲ့
ငါ
မရူးချင်ဘူး

ကဲ
နင့်ကဗျာတွေလဲ လာမပြနဲ့
ငါ
မရူးချင်ဘူး

ကဲ
သီချင်းတွေလဲ လာမဆိုပြနဲ့
ငါ
မရူးချင်ဘူး

ငါဆိုတာ
အချစ်ဆိုတာ
ကြောက်လွန်းလို့
...............
ခံစားရမယ်ဆိုတာလည်း
ကြောက်လွန်းလို့.
..........................

ငါ
နင့်ကို
မရူးချင်တော့ဘူး ဟာ..........

နှင်းဆီသံစဉ်