Friday, February 25, 2011

ခေတ်သစ်ဗေဒါ


ခေတ်သစ်ဗေဒါ….ငါဆိုတာ
ဘ၀ကို အံတု မာနတံခွန် တလူလူနဲ့…..
……..ရှေ့သို့ချီတက်…….
……….နောက်မဆုတ်တမ်း………

လူအမျိုးမျိုး စိတ်အထွေထွေ
အတင်းစကားများအောက်မှာ…….
အခြေမခိုင် ယိုင်လိုက်ဦးမလား …….

သွားစမ်းပါ……
ငါဆိုတာက ဗေဒါပျံ အံကိုခဲ
မလျော့စတမ်းနဲ့…..ပျံချီတက်လိုက်ဦးမယ်…….

ဘ၀ဆိုတာဘာလဲ
လူတိုင်းကိုပြောပြဖို့ ဒီလောက်တော့
ငါ ဥာဏ်မမှီသေးဘူး ။

ငါသိတာ ရိုးသားမှုကို အခြေခံ
ကြိုးစားမှုနဲ့မွန်းမံ
ချမ်းသာချင်မှ ချမ်းသာမယ်
ဒါပေမယ့် ငါ့နေ့ရက်တိုင်းကို
ရိုးသားစွာနဲ့ကျော်ဖြတ်နေတယ်…..

ဒီလိုနဲ့…..
နေ့ရက်မှဆီ လဆီသို့
နှစ်ပေါင်းများစွာ ငါကျော်ဖြတ်နေဆဲ………

ဘဲအုပ်တွေ လာစမ်းပလေ့
တရာမကလို့ ၁ ထောင်လာ….
ငါဆိုတာ ခေတ်သစ်ဗေဒါ……

မယိုင်မလဲနဲ့ ခိုင်မြဲမြဲ
ငါ့ဘ၀ကို ငါ
ရှေ့သို့ ချီတက်နေတယ်………….


နှင်းဆီသံစဉ်

No comments:

Post a Comment