Sunday, November 28, 2010

အချစ်အဆိပ်သင့်သူများ

ကောင်မလေး ။


ကိုရေ ။ ကောင်မလေးမသိတော့ဘူးကွာ ။ ဘာကြောင့်များ
��( @� w H h9�PA
ကို့အပေါ်ကို ဒီလောက်ချစ်မိသွားလဲဆိုတာ ။

ကို့ကြောင့်လေ မဖြစ်ဘူးတာတွေလဲဖြစ်တယ် ။ မလုပ်ဖူးတာတွေလဲလုပ်မိတယ် ။

ကိုရေ နာမည်ကျော်မင်းသားလေး ကို့ကိုစသိမိလိုက်ထဲကလေ ။ ကောင်မလေး ရင်မှာ တဒိတ်ဒိတ်နဲ့ပေါ့ ။

တစ်ခါမှ မကြုံဘူးတဲ့ ရင်ခုန်သံတွေနဲ့ ကို့အကြောင်းတွေ သိချင်လာတယ် ။

အွန်လိုင်းအချစ်ဆိုတာ အမြဲတမ်း ကောင်မလေးလှောင်ရယ်နေကြပါကိုရာ ။ မယုံဘူးလေ မယုံဘူးပေါ့ ။

ဒါပေမယ့်ကိုရေ ။ ကိုနဲ့တွေ့မှ ကောင်မလေးမှာ မိန်းမသိက်ခါဆိုတာလဲ မရှိတော့ဘူး

ကို့ကိုကောင်မလေး အရမ်းချစ်မိသွားတယ် ။

ကိုရေ စချစ်မိသွားကထဲက ကို့ဆီကတုံ့ပြန်မှု မမျှော်လင့်ခဲ့ပါဘူးကိုရယ် ။

အရမ်းကို ပေပေတေတေနေတတ်တဲ့ ကို့ကို ကောင်မလေးပိုပိုပြီးဂရုစိုက်မိလာတယ် ။

ကိုမချစ်မှန်းသိနေပေမယ့် ကောင်မလေးချစ်နေရရင်ကို ကျေနပ်တတ်လာတယ် ။

ကိုရေ ။ ကို့မှာ ရည်းစားရှိတယ်တဲ့ ။ ဒါပေမယ့် ဘယ်သူဆိုတာကိုမပြောခဲ့ဘူး ။ ရည်းစားရှိတာကို သိလို့ကောင်မလေးကိုယ်တိုင် နောက်ဆုတ်ဖို့ကြိုးစားပါသေးတယ် ကိုရယ် ။ ဒါပေမယ့်မရခဲ့ဘူး ။

ကို့ကိုချစ်စိတ်တွေ တားမရခဲ့ဘူး ။ နောက်ဆုတ်လို့မရခဲ့ဘူး ။

ကိုရေ ………………….

မထင်မှတ်ဘဲ ကို့ဆီက ကောင်မလေးအပေါ်နားလည်ပေးတတ်မှုနဲ့ ဂရုစိုက်မှုကို ကောင်မလေးပြန်ရလိုက်တဲ့အချိန်မှာ ကောင်မလေး အရမ်းပျော်တာကိုရာ ။

ကို……တကယ်နူးညံ့တယ်သိလား ။

ကို့ကို အရမ်းချစ်တာဘဲသိလား ။

ကို့ရဲ့နူးညံ့မှုလေးတွေကို ကောင်မလေး တစ်ယောက်ထဲအပိုင်လိုချင်တယ်ကိုရာ ။

ကိုလို့ ကောင်မလေးဇွတ်ခေါ်တော့လဲ ကို မငြင်းနိုင်ခဲ့ဘူးလေ ။ အရမ်းချစ်ဖို့ကောင်းတဲ့ကို ။

နောက်တော့ ကို ကောင်မလေးအချစ်တွေကို အသိအမှတ်ပြုပေးခဲ့တယ်နော် ။ ကို ကောင်မလေးကို နွေးနွေးထွေးထွေး ဆက်ဆံလာတယ် ။

ပျော်လိုက်တာကိုရယ် ။ ကို့ကို တစ်သက်လုံးပိုင်ဆိုင်ချင်လိုက်တာ ။

ရုတ်တရက် ………..ကို ပြောင်းလဲသွားခဲ့တယ် ။ ကောင်မလေးကို ရှောင်ဖယ်ဖယ်လုပ်လာတယ်

ကောင်မလေးနဲ့မချက်တော့ဘူး ။ ကောင်မလေးကို ညီမလေးလိုဘဲချစ်ခဲ့တာတဲ့ ။ မခံစားစေချင်ဘူးတဲ့ ။ အိမ်ထောင်ဖက် မဖြစ်နိုင်ဘူးတဲ့ ။ ကို့အကြောင်းကိုမသိဘဲနဲ့အရမ်းချစ်နေတဲ့ကောင်မလေးမို့လို့ စာနာမိခဲ့တာတဲ့ ။ အခု ကို လက်ထပ်မဲ့သူက အရမ်းလိမ်မာတယ်တဲ့ ။ (ဒါဆို ကောင်မလေးကဆိုးတာပေါ့နော်
) ။

ကိုပေးခဲ့တဲ့ ဂရုစိုက်မှုတွေက အတုတွေပေါ့နော် ။ ကိုချက်ခဲ့တဲ့ စကားလုံးတွေ ။ ကိုဆိုပြခဲ့တဲ့သီချင်းတွေ ။ ကို ပြောပြခဲ့တဲ့ကို့ရဲ့ခံစားမှုတွေက အဖြည့်ခံတွေလား ကိုရာ ။

ကောင်မလေးကို မချစ်နဲ့တော့တဲ့ ။ မေ့လိုက်တော့တဲ့ ။ ကိုအရမ်းစိမ်းကားသွားခဲ့တယ် ။

အားးးးးးးးးးးးးးး……………………….

ကိုရေ ကိုကကောင်မလေးကိုအကြောင်းမဲ့ဖြတ်သွားခဲ့တယ် ။ ညီမလေးလို ဆက်ဆံပေးနေခဲ့တယ် ။ ကို့ရည်းစားလေးကို တန်ဖိုးတထားလုပ်ပြနေခဲ့တယ် ။ အရမ်းချစ်ပြနေခဲ့တယ် ။ ကောင်မလေးကို မိန်းမဗီလိန်ကြီးဖြစ်အောင် လုပ်နေသလိုပါဘဲကိုရာ ။

ကောင်မလေး မခံစားနိုင်ဘူးကိုရေ ။ ရင်ထဲမှာ အရမ်းပူလိုက်တာ ။

ကောင်မလေးကမိန်းမကောင်းပါကိုရာ ။ တစ်ခါမှ မချစ်ဖူးတဲ့သူပါ ။

ကို့ကိုချစ်မိလို့သာ ကောင်မလေး အရမ်းကိုယ့်စိတ်ကိုယ်မထိန်းနိုင်ခဲ့ဖြစ်နေခဲ့ရတာပါကိုရာ ။

ကိုရေ ………….ကိုကကို့ချစ်သူကို ကို့ရဲ့သစ္စာတရားကိုပြချင်တယ် ။ ကို့ချစ်သူကို ကိုက တမြတ်တနိုး လက်ထပ်ချင်တယ်တဲ့ ။

ဟင့်အင်း ။ မဖြစ်သင့်ပါဘူး ။ မဖြစ်ရပါဘူး ။ ကောင်မလေးခွင့်မပြုဘူးကိုရာ ။ ကောင်မလေးမှားတယ်ဆိုရင်လဲ ကို့ကိုချစ်လွန်းလို့မှားမိတာဖြစ်မှာပါ ။

ကို့ကိုကောင်မလေးအရမ်းချစ်တယ်ကိုရာ ။ သူများကိုမပေးနိုင်ဘူး ။ ဘယ်သူ့ကိုမှ မပေးချင်ဘူး ။ မပေးနိုင်ဘူး ။ ကိုရေ ………………….ကောင်မလေးကို မချစ်တော့ရင်နေပါ ။ဒါပေမယ့် ကို့ကို တခြားတစ်ယောက် ကိုတန်ဖိုးတထားလုပ်ပြနေတာ ကောင်မလေး မခံစားနိုင်ဘူးကိုရာ

ဒီတော့ ကို ကောင်မလေးဆီကို ပြန်လာဖို့ ကောင်မလေး အကြိမ်ကြိမ်ကြိုးစားဖူးတယ် ။ အကြိမ်ကြိမ်ခံစားဖူးတယ် ။အကြိမ်ကြိမ် တောင်းဆိုဖူးပါတယ် ။

ကိုအရမ်းပြတ်သားခဲ့တယ် ။ လုံးဝကို ကောင်မလေးကိုမစာနာခဲ့ဘူး ။ ကို့ကို မုန်းတယ် ။ ကို့ကိုကောင်မလေးမရသလို ကိုလည်း ကို့ချစ်တဲ့ကို့ချစ်သူကို မရစေရဘူးမှတ်ပါကိုရာ ။

ကိုရေ ။ ကောင်မလေးကိုမှားတယ်လို့တော့မပြောပါနဲ့ကိုရာ


ကို့ကိုချစ်လွန်းလို့ မှားမိတာနေမှာပါ ။ ကောင်မလေးချစ်သူကို ကောင်မလေးမပိုင်ဆိုင်ရရင်နေပါ တခြားသူရဲ့ရင်ခွင်မှာတော့ မမြင်ချင်တာ ကောင်မလေး အတ္တပေါ့ကိုရာ


ကို့ကိုချစ်လွန်းတဲ့အတ္တပေါ့ ။

တကယ်တော့ ကို့ကိုချစ်ရလွန်းလို့ ကောင်မလေး အရမ်းပင်ပန်းနေပါတယ်ကိုရယ် ။

ချစ်ရလွန်းလို့ ပင်ပန်းနေပါတယ် ။



ကောင်လေး


အမှန်တော့ ကျွန်တော်က တော်တော်အတ္တ ကြီးတဲ့အကောင်ဗျ ။

ဒါပေမယ့် ကျွန်တော်အတ္တက ကျွန်တော့ကိုဘဲ ထိခိုက်တာပါ ။

ဘယ်သူ့ကိုမှ မထိခိုက်ခဲ့ဘူးဘူးဗျ ။

လူတိုင်းကို ကျွန်တော် နားလည်နိုင်အောင်ကြိုးစားတယ် ။ နားလည်ပေးတယ် ။

ဘယ်သူ့ကိုမှ ကျွန်တော်ကြောင့် မထိခိုက်စေဘူး ။ မထိခိုက်စေခဲ့ဘူးဘူးပေါ့ဗျာ ။


ကျွန်တော့်ဘ၀အတွက် ကျွန်တော် အစီအစဉ်ကို ချထားပြီးသား ။

ရှုံးရမှာကို မကြိုက်လို့ ကျွန်တော် ရှုံးမယ့်ကိစ္စဆိုကျွန်တော်ဘာမှ မလုပ်ဘူးဗျ ။

သူများပိုက်ဆံလဲ မတရားမယူဘူး ။ သူများကိုလဲ မတရားမလုပ်ဘူး ။

အဲ

ကျွန်တော့ကိုလဲ မတရားလုပ်တာ မကြိုက်ဘူးဗျ ။

လက်သင့်လဲ မခံဘူး ။ ပြန်တုံ့ပြန်တာပါဘဲ ။


ကျွန်တော် ယောက်ျားလေးဗျာ ။

ဒါပေမယ့် ကျွန်တော့ သိက်ခါနဲ့ပတ်သက်လို့ကျဆင်းမှာ ဘာမှ မလုပ်ဘူးဗျ ။

ကောင်မလေးနဲ့ပတ်သက်တာလား

တကယ်တော့ ကျွန်တော့ဆီမှာ ကျွန်တော်ငယ်ငယ်ကထဲကချစ်ရတဲ့ ။

ငယ်ငယ်လေးထဲက လက်ထပ်ချင်တဲ့ ကျွန်တော် တစ်ဘက်သတ် အရမ်း အမြတ်နိုးရဆုံး ချစ်သူလေးရှိပြီးသားပါ ။

ချစ်သူလေးနဲ့ကျွန်တော်က ငယ်သူငယ်ချင်းတွေ ။

သူမကို ချစ်တယ်လို့ ကျွန်တော် ပြောထားပြီးသားဗျ ။

သူမကလဲ မာနခဲ ။ သူမ ပညာရေး သူမလိုချင်တဲ့ပန်းတိုင်မရောက်မချင်းအဖြေမပေးဘူးတဲ့ဗျ ။

သူမလေးကိုဖြည့်ဆည်းချင်တဲ့ကျွန်တော် နိုင်ငံခြားထွက်လာတယ်ဗျာ။

အလုပ်ကြိုးစားတယ်ဗျာ ။

ကျွန်တော့ကို အားကိုးတဲ့မိဘတွေကိုမျက်နှာမပျက်ရအောင် ကျွန်တော်ကြိုးစားတယ်ဗျာ ။

သူမလေးကိုလဲ အချိန်ပေးစောင့်နေတယ်ဗျာ ။

တခြားကောင်မလေးကိုလဲ စိတ်ကူးနဲ့တောင်မပစ်မှားဘူးဘူး ။

ကျွန်တော့ကောင်မလေးကလဲ အဖြေရဖို့ တော်တော် စောင့်ရတာဗျ ။

ဒါပေမယ့် ကျွန်တော်ကချစ်တဲ့သူဆိုတော့ အဲလိုစောင့်နေရတာကိုက သူမအပေါ်ကျွန်တော် တန်ဖိုးထားတာကိုပြတာလို့ခံစားမိပြီးကျွန်တော် သူမလေးကိုဇွဲကောင်းကောင်းနဲ့စောင့်နေခဲ့တာပေါ့ ဗျာ ။

ကျွန်တော့ ချစ်သူလေးက ပြောထားတယ်ဗျာ ။ သစ္စာရှိကြေးတဲ့ ။


ကျွန်တော့် ဘ၀ကိုကောင်မလေး ၀င်လာတာတော့ တော်တော် မြန်တယ်ဗျ ။

အမြဲတမ်း အထီးကျန်နေတဲ့ကျွန်တော့ကို ကောင်မလေးက ဟာသတွေပြောတယ် ။

အရမ်းဂရုစိုက်တယ် ။

ပြီးတော့ ကျွန်တော့ကိုအရမ်းချစ်တယ်ဗျာ ။ အသေးစိတ်ကအစ ပူပန်တတ်တယ် ။

ဒီတော့ ကျွန်တော်သူ့ကို သနားလာတယ်ဗျာ ။ကိုယ်ချင်းစာလာတယ် ။ ကျွန်တော်ကောင်မလေးနဲ့အလိုက်သင့်စကားပြောပေးတယ်ဗျာ ။

ချက်တယ်ပေါ့ ။

ကျွန်တော် နဲ့ အွန်လိုင်းချစ်သူအဆင့်ဖြစ်ကုန်တယ်ပေါ့ ။

ကျွန်တော်ရဲ့အမှားကတော့ ကျွန်တော့်ကို ဂရုစိုက်မှုလေးတွေ ။ ကိုယ်ချင်းစာမှုလေးတွေ သာယာမိသွားတယ်ဗျာ ။ ဒါပေမယ့် ကျွန်တော် အွန်လိုင်းချစ်သူဆိုတာ အပြည့်အ၀ မယုံရဲပါဘူးဗျာ ။

တကယ်လဲ အွန်လိုင်းချစ်သူဆိုတာ တကယ်တော့ အပြည့်အ၀ မယုံသင့်ပါဘူးဗျာ ။ ကျွန်တော်ပြောသလောက်ဘဲ ကောင်မလေးသိတာလေ ။

အွန်လိုင်းလေးနဲ့ ကျွန်တော့ကို ယူမယ့်အထိ ဆုံးဖြတ်တယ်ဗျာ ။


အား………….ကျွန်တော် တော်တော်လန့်သွားခဲ့တယ် ။

ကောင်မလေးရဲ့အချစ်တွေကို ။

ကျွန်တော် သေချာဂရုတစိုက်နဲ့ ဆုံးဖြတ်ရတော့မယ် ။


အဲသည့်အချိန်မှာ ကျွန်တော့ကို ချစ်သူက ချစ်တယ်တဲ့ဗျာ

အဖြေပေးလာတယ် ။

ကျွန်တော့ အကြာကြီးပိုးခဲ့တဲ့ကျွန်တော်ချစ်ရတဲ့ကောင်မလေးက ချစ်တယ်လို့ပြောလာတာဗျာ။

ကျွန်တော် အရမ်းတန်ဖိုးထားတဲ့ကောင်မလေးက ပြောလာတာဗျာ ။

ဒီတော့ အမြဲလက်တွေ့ဆန်တဲ့ကျွန်တော် အွန်လိုင်းပေါ်က ကောင်မလေးကိုဖြတ်ရတာပေါ့ဗျာ ။

ကျွန်တော့ကြောင့် ကောင်မလေးကို မငိုစေချင်ဘူးဗျာ ။

မခံစားစေချင်ဘူး ။ မင်းမုန်းလိုက်လို့ မပြောရက်ခဲ့ဘူး ။

ဒါကြောင့် ကောင်မလေးကို ညီမလေးလိုနေမယ်လို့ ကျွန်တော် ပြောပေးခဲ့တယ် ။

ကျွန်တော့ ချစ်သူလေးဆီက အဖြေရပြီလေ ။ ကျွန်တော့အတွက်ဘာလိုသေးလဲဗျာ ။

ကျွန်တော့ ဘ၀အတွက်ရည်စူးထားတဲ့ချစ်သူလေ ဗျာ ။

ကောင်မလေးအပေါ်ကျွန်တော်မတရားဖြစ်မယ်ဆိုတာ သိနေပေမယ့် ကျွန်တော်သူ့ကို အမုန်းတွေနဲ့ မရှိစေချင်ဘူးဗျာ ။ မပူလောင်စေချင်ဘူး ။


ထင်တဲ့အတိုင်းပါဘဲဗျာ ။ ကောင်မလေးအရမ်းခံစားရတယ် ။ အရမ်းပူလောင်ရတယ် ။

ဒီတော့ ကျွန်တော်သူမကို အကောင်းဆုံး ညင်ညင်သာသာလေး ပြောပေးခဲ့တယ်ဗျာ ။ သူမလေးစိတ်ထွက်ပေါက်ရအောင်လို့ သူမလေးကျွန်တော့်အပေါ်မှာ မိုက်မိုက်ရိုင်းရိုင်းတွေပြောတဲ့အထိ ။

ကျွန်တော်သည်းခံခဲ့ပါတယ် ။ ကျွန်တော့်ကျင်လည်တဲ့အွန်လိုင်းပတ်ဝန်းကျင်မှာကျွန်တော့ကို ဗီလိန်ကြီးတစ်ယောက်ဖြစ်တဲ့အထိ သူမလက်တုံ့ပြန်ခဲ့တယ် ။


ကျွန်တော် သည်းခံခဲ့ပါတယ် ။ ဒါပေမယ့် ကောင်မလေးက ကျွန်တော့ချစ်သူလေးနစ်ကိုရသွားပြီး ။

နောက်ဆုံး ကျွန်တော်နဲ့သူမ ချက်ထားတဲ့ချက်လစ်တွေ အကုန်လုံး ကျွန်တော့ချစ်သူဆီကိုပို့လိုက်ပါတယ် ။

နည်းနည်းမှကိုအတိမ်းအစောင်းမခံတဲ့ ကျွန်တော့်ချစ်သူမာနခဲလေး ကျွန်တော့ကို မုန်းသွားပါတယ် ။

ကျွန်တော် ခံစားရတယ်ဗျာ ။ အရမ်းကိုခံစားရတယ် ။ ကျွန်တော့ရဲ့စာနာမှုက ကျွန်တော့ရဲ့ဘ၀ကို ပါထိခိုက်စေတာလား ။ကျွန်တော့အချစ်ကိုပါ ဆုံးရှုံးစေတာလား ။

ကျွန်တော်ဘာလုပ်သင့်လဲဗျာ မသိတော့ ဘူး ။

ကျွန်တော်သိတာ တစ်ခုရှိသွားတယ် မိန်းမဆိုတာ အရမ်းအဆိပ်ပြင်းတယ်လို့ ။

အရမ်းအချစ်ကြီးတဲ့မိန်းမတွေက အရမ်းလက်တုံ့ပြန်တာ ပြင်းတယ်ဆိုတာ ကျွန်တော်သိသွားပြီ ။


ကျွန်တော်မှားတယ်ဆိုတာ သိပါတယ် ။ ယောက်ျားတစ်ယောက်ရဲ့သာယာမှုနဲ့ စာနာမှုတွေကြောင့် ကျွန်တော့်ချစ်သူလေးကိုစွန့်လွှတ်ရဖို့အထိ ဖြစ်သွားခဲ့တာကို တော့ ကျွန်တော်ဘယ်တော့မှ မမေ့ဘူးဗျာ ။


ဒါပေမယ့်ကျွန်တော် ကျွန်တော့ချစ်သူလေးခွင့်လွှတ်တဲ့အထိစောင့်မယ်ဗျာ ။


ကောင်မလေးလိုအချစ်မျိုးတော့ ကျွန်တော်မလိုချင်တော့ဘူးဗျာ ။

ကောင်မလေးကိုမုန်းတော့မမုန်းပါဘူးဗျာ ။ ပတ်သက်ရမှာ ကြောက်သွားတာ ။ ကောင်မလေးလိုအချစ်မျိုးကို ကျွန်တော် ကြောက်သွားပါပြီဗျာ ။


အမြဲလက်တုံ့ပြန်ရမှ ကျေနပ်တဲ့ကျွန်တော်

အခု ကောင်မလေးကို ပတ်သက်ရမှာကိုကြောက်သွားတာ

မပြန်တော့ပါဘူးဗျာ ။

ကောင်မလေးနဲ့ချစ်ခြင်း မုန်းခြင်းကင်းတဲ့နေရာမှာဘဲ နေတော့မယ် ။ မပတ်သက်ရရင်ကိုကျေနပ်ပါတယ်။


နောင်တစ်ကြိမ် ကျွန်တော့်ချစ်သူကောင်မလေးကိုပြန်ပိုးရတာပေါ့ဗျာ ။


ကတိလဲပေးပါတယ် ။ နောက်နောင် ဘယ်တော့မှ ကျွန်တော် မသာယာတော့ပါဘူးလို့ ။ ကျွန်တော့်ချစ်သူလေးနားလည်စေဖို့ပေါ့ဗျာ ။



ချစ်သူလေး


ကျွန်မချစ်သူကိုကျွန်မသိပ်ချစ်ပါတယ် ။ ဒါပေမယ့်ခက်ခဲတာကိုမှမရရအောင်ယူတတ်တဲ့ကျွန်မချစ်သူ့စိတ်ကလေး ။

လွယ်လွယ်ရရင် ခဏဘဲ တန်ဖိုးထားတတ်တဲ့ကျွန်မချစ်သူလေး ။

သူများကိုအားနာတတ်တဲ့ ချစ်သူ ။

ဘ၀ကိုအစီအစဉ်ချမှုတွေနဲ့တဆင့်ချင်သွားချင်တဲ့ကျွန်မ ။

လူမျိုးမတူလို့ သဘောမတူနိုင်တဲ့မိဘ ။

ကြိုးစားမှုကို ပြနေတဲ့ချစ်သူ ။

ပညာရေးနဲ့ဘ၀ကိုလက်မထောင်ချင်တဲ့ကျွန်မ။

ကျွန်မကိုယ်တိုင် လူငယ်တစ်ယောက်ဖြစ်နေပေမယ့်

ဘ၀ကိုလက်တွေ့ဖြတ်ကျော်လာရလွန်းလို့

အချစ်ဆိုတာကို စိတ်ကူးမယဉ်နိုင်သေးပါဘူးရှင် ။

လူငယ်တစ်ယောက်ဖြစ်နေပေမယ့် ဘ၀ကိုကျွန်မအတွက်နဲ့ ရဲရဲကြီးမငြီးမငြူရင်ဆိုင်နေတဲ့ချစ်သူ ။

ငယ်ငယ်ထဲကသံယောဇဉ်တွေနဲ့ သူငယ်ချင်းလေးပေါ့ရှင် ။

တကယ်တော့ ကျွန်မသူ့ကိုအရမ်းချစ်ပါတယ် ။

ဘ၀အခြေအနေတွေကြောင့် အဖြေမပေးသေးပေမယ့် သူ့ကိုကျွန်မအချစ်ဆုံးပါ ။

ဒါပေမယ့်ကျွန်မကိုယ်တိုင် ယောက်ျားဆိုလို့သူ့တစ်ယောက်သာပတ်သက်ဖူးလို့ သူ့ဘ၀မှာလဲ အချစ်ဆိုတာကို ကျွန်မအတွက်ဘဲ ဖြစ်နေစေချင်တာ မိန်းမသားတစ်ယောက်ရဲ့အတ္တပေါ့ရှင် ။

သူ့ရဲ့လေးနက်တည်ကြည်မှုကို ယုံလို့။ သူနိုင်ငံခြားထွက်ပြီး ၃ နှစ်ကြာမှာ ကျွန်မအဖြေပေးခဲ့ပါတယ် ။

ကျွန်မမျှော်လင့်တာ သူပျော်သွားမယ်ပေါ့နော် ။


သူ အရမ်းကြည်နူးသွားမယ် ။ ပိုကြိုးစားချင်စိတ်ဖြစ်သွားမယ် ။

ကျွန်မလည်း သူ့တစ်ယောက်ကိုဘဲအတွေးတွေနဲ့ချစ်ခဲ့ဘူးလို့ သူ့ကိုလဲ ကျွန်မလိုဘဲလို့ယုံကြည်မိပါရဲ့ရှင် ။

အဖြေပေးပြီးလို့ သိပ်မကြာခင်လေးမှာဘဲ ကျွန်မဆီကို မေးလ်တစ်စောင်ရောက်လာခဲ့တယ် ။


ကိုလို့ခေါ်တဲ့ယောက်ျားတစ်ယောက်နဲ့ကောင်မလေးလို့ခေါ်တဲ့မိန်းမတစ်ယောက်တို့ရဲ့ ပတ်သက်မှုစာတမ်းပေါ့လေ ။

အစွဲအလမ်းကြီးစွာချစ်တတ်တဲ့မိန်းမငယ်လေးတစ်ယောက်ဆိုတာ ကျွန်မသိသွားတယ် ။

ရုတ်တရက် ကျွန်မထူပူသွားခဲ့တယ် ။


ကျွန်မမမျှော်လင့်ခဲ့တဲ့ ။

ဘ၀အစီအစဉ်ချမှုမှာမပါခဲ့တဲ့ အစိတ်အပိုင်းတစ်ခု ။ အဖြစ်အပျက်တစ်ခု ။

ပါဝင်သူက ကျွန်မချစ်သူ ။


ကျွန်မဘာလုပ်ရမလဲ ။

စူးစူးနစ်နစ်ချစ်တတ်သူကောင်မလေးကိုလဲ သနားတယ် ။

တဖွဖွ အဖြေတောင်းခဲ့တဲ့ ယောက်ျားတစ်ယောက် တဲ့လား ။

အဲလိုအမှားမျိုးရှိတယ်တဲ့လား ။


ကျွန်မတွေးတာက တကယ်လို့ကျွန်မတစ်ယောက်ထဲသာသူချစ်တတ်မယ်ဆိုရင် ဘယ်လိုဇါတ်လမ်းမှ သူအဖြစ်ခံမှာမဟုတ်ဘူးလေ ။


ဒီတော့ ကျွန်မရဲ့ပေးခဲ့တဲ့အချစ်တွေ ။ အဖြေတွေကို ရုတ်သိမ်းလိုက်တယ် ။


ဒီကြားထဲ အကြာကြီးစဉ်းစားခဲ့တဲ့ကျွန်မကမှားသလား ။

အချစ်ကြီးတဲ့ကောင်မလေးကဘဲမှားသလား ။

သာယာတတ်ခဲ့တဲ့ ကျွန်မချစ်သူကဘဲမှားသလား ။

ဘယ်သူမှားသလဲ ။

ကျွန်မ အဖြေ မသိသေးပါဘူး ရှင် ။


အချစ်ဆိုတာ ယောက်ျားတစ်ယောက်အတွက်
ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပေမယ့်
မိန်းမတစ်ယောက်အတွက် တဘ၀လုံးဖြစ်ပါတယ် ။

အားလုံးချစ်တတ်ခြင်းတွေနဲ့ပျော်ရွှင်နိုင်ကြပါစေရှင်

နှင်းဆီသံစဥင်္

No comments:

Post a Comment