Sunday, November 28, 2010

နောင်တမရကြေး




ငါတို့ချစ်နေကြတုန်းက ........


အချစ်ဆိုတာ အပြစ်လို့

နင်မမြင်ခဲ့သလို

ငါလည်း မတွေးခဲ့ဘူးလေ ..................



တကယ်လို့ ...........
ချစ်မိလို့ အပြစ်ရှိတယ်ဆိုရင် ........
အဲသည့်အပြစ်တွေ အတွက်
ငါရင်ကွဲ ခံမယ်.............

နင်မချစ်တော့လို့ တော့ ငါငိုနေမယ် လို့မင်းထင်လား........
ဆောရီး ဘဲ ချစ်သူ
တကယ်ဆို အချစ်ဟာ အချစ်နဲ့ဘဲ ညီတာပါ။။။။



မညီမျှခြင်းတွေ ဖြစ်လာလို့..........
နင်ငါ့ကို ထားခဲ့တာဆိုရင်လည်း .......
နင့်ဘက်က unequal ဆိုမှတော့ ငါ့ဘက်က equal ဖြစ်နေမှာ မဟုတ်ဘူးလေ........

ဘာတဲ့ .......မိန်းမတစ်ယောက်အနေနဲ့ ....
ငါက စံချိန်မမှီဘူးတဲ့လား.......


နင်ဘာနဲ့တိုင်းလိုက်တာလဲချစ်သူ............


နင့်ရဲ့ချစ်တတ်ခြင်းတွေကို
ချိန်ခွင်တစ်ဘက်ပေါ်တင်လိုက်..........
.......ငါ ..........တရေးနိုးမှ ......ငါ့ရဲ့ချစ်တတ်မှုကို တင်မယ်......

နင်တင်ထားလို့ချိန်ခွင်တဘက်စောင်းလို့ အံသေနေတာတောင်မှ

ငါတင်မယ်ကြံရုံ ရှိသေး...........

ငါ့ဘက်ကို လိုက်လိုက်လျောလျောစောင်းလာမှာ မြင်သေး......

ဘာတဲ့ ငါ့ဘ၀မှာ နင်မလိုဘူးလို့နင် ထင်နေ တာလား............
ငါ.......နင့်အရိပ်မှာဘဲ တစ်သက်လုံး နေချင်နေတာကို
ဆူးလေ လမ်းဆုံမှာ ပိုစကာ ကပ်ပြီး ကြေငြာထားပြရမှာလား...........



တော်ပါကွာ..........နင်ပေးတဲ့ ဆင်ခြေတွေက ရိုးအီနေပြီ......
ရိုးရိုးလေးဘဲပြောလိုက်ပါ ...........
ချစ်တတ်ခြင်းတွေမညီလို့ .......ငါတို့ကွဲသွားတယ်ပေါ့............

ငါကလည်း ငါ့ရင်ကို မြင်အောင်မကြည့်တတ်တဲ့နင့်ကို


(မာနကြီးတယ်ဘဲဆိုဆို )

မြင်အောင်တော့ ရင်ခွဲပြမယ့် ခပ်ညံ့ညံ့ မိန်းမတွေထဲမှာ ငါမပါဘူး......

နင်ထားခဲ့လို့ ငါကျန်ခဲ့တယ်မပြောနဲ့နော်......
အချစ်ခြင်းမညီလို့ ငါတို့ကွဲသွားတာ.......

မိန်းမတစ်ယောက်ရဲ့ အရှက်ကို နင်နင်းပြီးမှ


နင်နိုင်တယ်လို့ ယူဆချင်ရင်တော့ ကြိုပြော........

အကြွင်းအကျန် သံယောဇဉ်လေးနဲ့...........ငါ မျက်နှာ လွှဲပေးထားမယ်........

ဒါပေမယ်.......
နောင်တတော့ မရကြေး.............




နှင်းဆီသံစဉ်

Ogden Nash - "The trouble with a kitten is that when it grows up, it's always a cat."
ချစ်တတ်ခြင်းတွေနဲ့ပျော်ရွှင်နိုင်ပါစေ ။
နှင်းဆီသံစဉ်

ယောက်ျား ယောက်ျား

နှင်းဆီသံစဉ် စာ စရေးကာကလေးက ။ ဘလော့ဆိုတာကို စတင်ပြီးရေးကာစလေးက ရေးဖြစ်ခဲ့တဲ့

ယောက်ျားအကြောင်းလေးပါ ။

အခုနေ ပြန်ဖတ်ကြည့်တော့လဲ ရယ်မိပါတယ် ။

ဖေါ်ဝပ် မေးလ်ကနေ တော်တော်များများကို နှင်းဆီသံစဉ်ရဲ့နာမည်မပါဘဲနဲ့ ပျံ့နှံ့ သွားခဲ့တဲ့ မေးလ်လေးပါ ။

အမှတ်တရ အနေနဲ့ ပြန်တင်ပေးခြင်း ဖြစ်ပါတယ်ရှင် ။

မည်သူ့ကိုမှ မရည်ရွယ်ပါနော် ။


အော် .............ယောက်ျား........ယောက်ျား.......
ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် ပြောပါလိမ့်မယ် .... '
သူ့ကိုကြိတ်ကြိုက်နေတယ် ' ... လို့
အဲလိုမှ မလုပ်ပြန်ရင်လဲ
... ' အဲဒီ မိန်းမက ဘာမှ မဟုတ်ပါဘူးကွာ ' ... တဲ့


သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ် ... ' သူ့ရုပ်နဲ့ပဲများနေတာ ' ... လို့
အဲလိုမှ မ၀တ်ပြန်ရင်လဲ
' တိုက်ဂေါ 'တဲ့


သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် ...' စွာတေးမ '...လို့
ငြိမ်နေပြန်တော့လဲ ... ' ငတုံးမလေးပါကွာ...ငါလိမ့်ချင်သလို
လိမ့်လို့ရပါတယ် ' ...တဲ့


သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် ... ' ငဖျံမ '...လို့
သူကများ ပိုတော်နေရင်တော့လဲ ...' အရည်အချင်းကြောင့်
'...တဲ့


သူ့ကိုများ မကြိုက်ဘူးဆိုရင် ... " လက်ဖက်ရည်ဆိုင်မှာ
ရေနွေးအိုးတအိုးနဲ့ တစ်နေ့လုံးထိုင်ပြီး...ဒီစော်က
ဘာကြီးဘာကွာ....ညာကြီးပါကွာ.....ဘယ်တုန်းကငါနဲ့ဘယ်လို....ဘာဖြစ်ခဲ့တယ်...ညာဖြစ်ခဲ့တယ်...

အခုမှ
အထာတွေပိုနေတာပါကွာ......စတဲ့စတဲ့....အတင်းတွေပြောလာပါလိမ့်မယ်။
သူ့ကို ကြိုက်မိပြန်တော့လဲ ... သင့်ကို အနိုင်ကျင့်နည်းပေါင်းစုံနဲ့
တရားဝင် အနိုင်ကျင့်လာပါလိမ့်မယ်....


ချစ်နေတဲ့ အမူအရာများ ပြမိရင်ပြောပါလိမ့်မယ် ... ' ငါကဒီစော်ကို
ပိုင်ပါတယ်ကွာဆိုပြီး နောက်ကွယ်မှာ လျှောက်ဖေါဦးမယ်....
အဲလို အမူအရာမပြပြန်တော့လဲ ... ' မင်းကတကယ်မချစ်လို့
ငါအသစ်ရှာတာစမ်းသလား '...တဲ့


အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် ... ' ပစိပစပ် '...လို့
မတိုင်ပင်ဘဲ နေပြန်တော့လဲ ... ' သူ့ကို မယုံကြည်လို့
'...တဲ့

သူ့ကိုများ အော်ငေါက်မိရင် ပြောပါလိမ့်မယ် ...' ယောက်ျားကိုလွှမ်းမိုးမယ့်မိန်းမ
' ...လို့
သူကများ အော်ငေါက်ရင်တော့ ' ဆုံးမတာ '...တဲ့

ပေးထားတဲ့ ကတိ ဖျက်မိရင် ပြောပါလိမ့်မယ် ... ' ကတိမတည်တဲ့မိန်းမ
'...လို့
သူဘက်ကဖျက်ရင်တော့ ...' မလွဲမရှောင်သာလို့ပါ ' ...တဲ့

မိန်းကလေး......... shopping သွားမိရင် ပြောပါလိမ့်မယ်
...'ပိုက်ဆံဖြုန်းတဲ့မိန်းမ..လို့
သူ ပိုကာ ဆွဲတာကျတော့ ...' အပျင်းပြေပါ '...တဲ့

မိန်းမလေးများအောင်ြမြင်လာရင် ပြောပါလိမ့်မယ် ...' သူအားပေးတတ်လို့ပါ
'...လို့
သူအောင်မြင်လာရင်တော့ ... ' အရည်အသွေးကြောင့် ' ...တဲ့

သူများကိုများ မတော်တဆ နာကျင်စေမိရင် ပြောပါလိမ့်မယ်
... 'အကြင်နာတရားကင်းတဲ့မိန်းမ' ...လို့
သူ့ကြောင့်များ မိန်းကလေး ခိုက်မိရင်တော့ ... ' အထိမခံ ရွှေပုဂံ ' ...တဲ့

သူနဲ့ အတူတူ အပြင်သွားလို့ သူပိုက်ဆံ ရှင်းရမယ်ဆိုရင်
......၀လာမှာစိုးလို့နည်းနည်းပဲစားတဲ့......
မိန်းကလေးက ရှင်းမယ်ဆိုရင် အစားဆိုတာ ကောင်းကောင်းစားရတယ်တဲ့

ယောက်ျားတွေ အကြိုက် ဆယ်ခါလိုက်လဲ မလိုက်တစ်ခါ ရှိခဲ့ပါမူ...
သွားပုတ်လေလွင့်..လျှောက်ပြောတတ်၏( blog တွေလည်း လျှောက်ရေးတတ်၏် ..)တဲ့......


ရည်းစားသက်တမ်းကြာလာလို့ သူတို့အသစ်ကလေးရှာချင်ပြီဆိုရင်.......မင်းကို
ချစ်တာမဟုတ်ခဲ့ပါဘူး ...ခဏ သာယာမိတာပါတဲ့........(ဗလောင်းဗလဲ
ကိုကောင်းကောင်းပြောတတ်သေးပါတယ်..............)

ဒီစာကို ယောက်ျားတွေဖတ်မိရင် ပြောပါလိမ့်မယ် ... ' မဟုတ်မဟတ်တွေ'...လို့..

မဖတ်မိပြန်တော့လဲ ဟုတ်နေကြတာဘဲ…………

ရည်းစားစကားစပြောတဲ့အချိန်မှာတော့ " မင်းနဲ့မှ ကိုယ်စပြီး အချစ်ဆိုတာကိုသိတာ " တဲ့ ။ မင်းကိုမှ ကြွေမိသွားတာဆိုဘဲ.....

ရည်းစားအသစ် ကိုဆိုရင်တော့ " အရင်ရည်းစားတွေကို ကိုယ်ကစပြီးချစ်တယ် မပြောဘူးဘူးတဲ့ " ......" အရှေ့ကတစ်ယောက်က သူကကြွေနေလို့ ကိုယ်က မျောမိသွားတဲ့ ၊


ယောက်ျားမကောင်းကြောင်းရေးထားတာ မဟုတ်ဘူးနော် သူငယ်ချင်းတို့ ကို
ချစ်လွန်းလို့ယောကျာ်းတွေရဲ့ မကောင်းတဲ့အကျင့်ကိုရေးထားတာနော် ……

ဒါပေမယ့်ယောက်ျားတိုင်းတော့ မဟုတ်ဘူးနော်

မှတ်ချက်
ရန်ဖြစ်ချင်လို့မဟုတ်ပါ။ မိန်းကလေးတွေရဲ့ သနားစရာ ဘ၀ ကို အသိပေးခြင်းသာ ဖြစ်ပါသည်။


ရေးသားချိန်

(01-08-2009)

သူငယ်ချင်း

A friend is like a flower,
သူငယ်ချင်းဆိုတာ ပန်းလေးတစ်ပွင့်လိုပါဘဲ
a rose to be exact,
နှင်းဆီပန်းလို့ နှိုင်းရင်ပိုမှန်မယ်

Or maybe like a brand new gate
အော် ဒါမှ မဟုတ်..တန်ဖိုးကြီးဂိတ်သစ်တစ်ခုပေါ့
that never comes unlatched.
ဘယ်တော့မှ ပျက်ဆီးသွားတာမျိုးမရှိဘူး…..

A friend is like an owl,
သူငယ်ချင်းဆိုတာ ဇီးကွက်တစ်ကောင်လိုပါဘဲ
both beautiful and wise.
လှလဲ လှပတယ် ပညာလဲရှိတယ်လေ

Or perhaps a friend is like a ghost,
အများဆုံးကတော့ သရဲတစ်ကောင်နဲ့တူတယ်
whose spirit never dies.
ဘယ်တော့မှ မသေတဲ့ ၀ိဥာဉ် နဲ့ပေါ့

A friend is like a heart that goes
သူငယ်ချင်းဆိုတာခုန်နေတဲ့နှလုံးခုန်သံတစ်ခု
strong until the end.
အဆုံးထိသန်မာတယ်……
Where would we be in this world
ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆို နေလို့မဖြစ်ဘူး
if we didn't have a friend.
ငါတို့မှာ သူငယ်ချင်းတစ်ယောက်မှ မရှိဘဲနဲ့ပေါ့…………

တန်ဆောင်တိုင် ရင်ခုန်သံ

အဆိုတော် နှင်းဆီသံစဉ်နှင့် တန်ဆောင်တိုင် စတိတ်ရှိုး (၂) ။

သံစဥ့် ဖေဖေက ဒုံမင်းတီးတာ သိပ်တော်တာ ။ သီချင်းအဆိုလည်း ကောင်း။အတီးလည်းကောင်းရှင့်။
ဖေဖေက သံစဉ့်ကိုဆိုရင် မြန်မာသီချင်းဆိုတတ်စေချင်တာ။တန်ဆောင်တိုင်တို့။
သီတင်းကျွတ်တို့ဆို ဖေဖေတို့ပွဲဆက်တွေများပြီ။
အိမ်မှာလည်းအဆိုတော်တွေ တရုန်းရုန်းနဲ့ပေါ့လေ။
သီချင်းတွေတိုက်ကြတာ။
အဆိုတော်တွေပြန်ရင် ဖေဖေကသံစဉ့်ကို အဲသည့်အဆိုတော်တွေတိုက်သမျှသီချင်းအကုန်ပြန်ဆိုခိုင်းတာ။
အသံနေအသံထားမကောင်းရင် အစကနေပြန်ဆို ။ဖေဖေက အရမ်းကို မြန်မာသီချင်းကြိုက်။
သံစဉ်ကလည်း မြန်မာသီချင်းတစ်စက်မှမဆိုချင်။ ဒီလိုနဲ့အိမ်မှာ ဆူညံပွဲတွေဖြစ်နေကြ။
ဖေဖေ့ကိုသံစဉ်က ကြောက်ရတော့လည်း မဆိုချင်လည်းဆို။ဆိုချင်လည်းဆိုနဲ့
(သံစဉ်လေ သိလား မြန်မာသီချင်းဆို အရမ်းရ ) ဒါပေမယ့်လေ သိတဲ့အတိုင်း
မြန်မာသီချင်းဆိုတာ အငြိမ်လေးနဲ့ဆိုရတာလေ။သံစဉ်ကလည်း အလှုပ်ဆိုတော့ အဲလိုမြန်မာသီချင်းဆိုရတဲ့အချိန်တွေဆိုရင် သံစဉ့်အတွက် တကယ့်ကို အပူမီး ။

ဖေဖေကတစ်ခါမှလည်း လူတောထုတ်တာမဟုတ်တော့ အေးဆေးပေါ့လေ ။

တစ်နေ့တော့ တန်ဆောင်တိုင်ပွဲတစ်ခုအတွက်ဖေဖေတို့မိန်းကလေးအဆိုတော်
လောက်လောက်မရှိလို့ပွဲငှားတဲ့သုကသံစဉ့်ကိုတွေ့ပြီး ဖေဖေ့ဆီကခွင့်တောင်းလာတယ်
ပထမတော့ ဖေဖေက ကျွန်တော့သမီးအကြောင်း ကျွန်တော်သိတယ် မဖြစ်ဘူးလို့ငြင်းတာပေါ့လေ။
သံစဉ်ကလည်း မြန်မာသီချင်းကိုလူတောထဲဆိုရမှာဆိုတော့ မဆိုချင် ။
ငှားတဲ့သူကလဲ မျက်နှာနာရတဲ့သူဆိုတော့ ဖေဖေက အေးဗျာ ဒီတစ်ခေါက်တော့ ကျွန်တော် ခွင့်ပြုလိုက်မယ်သူ့လဲဖြစ်မှာဟုတ်မှာမဟုတ်ဘူးဆိုတော့ နောက်ပွဲလည်း ခင်ဗျားငှားမှာမဟုတ်ဘူးဆိုပြီးခွင့်ပြုလိုက်တယ်။

သံစဉ်ကတော့ ငါ့ကို ပွဲမထုတ်တဲ့ဖေဖေ သံစဉ့်အကြောင်းသိရမယ်လို့တွေးပြီးပေါ့ ။ ကြိုးစားပန်းစား မြန်မာသီချင်းကို တိုက်ပါတော့တယ်။သီချင်းရွေးတော့ လည်း သံစဉ်က သံစဉ့်အကြိုက်လေးပေါ့ မြူးတာလေးတွေ ရွေးလိုက်တယ် ။

ဖေဖေက ပထမတော့ သဘောမတူဘူးပေါ့လေ ။ သူက အငြိမ်ဘဲဆိုစေချင်တာကိုး ။
ဂျစ်ကျလွန်းတဲ့ သံစဉ့်ကြောင့် သဘောတူပေးပေမယ့်ကတိကတော့ အငြိမ်ဆိုရမယ်ပေါ့လေ ။

ဒီလိုနဲ့

ပွဲနေ့ကျတော့ တန်ဆောင်တိုင်ပွဲ ။
လူကြီးပွဲဆိုတော့ ၀တ်ထားရတာကလဲ မြန်မာအကျီ င်္ လက်ရှည် ။
ဆံပင်ကလည်း ဆံထုံး ။
ချိတ်ထမီနဲ့။
မိတ်ကပ်ကလဲ မင်းသမီးမိတ်ကပ်နဲ့ ပွဲထွက်ရတာပေါ့ ။

မဆိုရမချင်း ဖေဖေကလည်းသူ့နားမှာ အငြိမ်ကြီးနဲ့ထိုင်းခိုင်းထား ။ သူကတော့ တီးနေရတာကိုး ။
သံစဉ်ကလေ စိတ်ကလည်း လှုပ်ရှား ။ စိတ်ကလဲအိုက် ။ ဘယ်လိုမှကို သည်းမခံနိုင်တာ ။

အကျီ င်္ကို မကြိုက်လို့ လဲချင်တာလည်း အကြိမ်ကြိမ် ။
ဖေဖေကလဲ အကြောင်းသိပီပီ အနားကအခွာမခံ ။
ဒီလိုနဲ့ ဆိုမယ့်အချိန်ရောက်လာတော့ ထွက် ။

မိတ်ကပ်ကလဲပျက်နေပြီ ။ ချွေးတွေနဲ့ ။အရပ်က ကလန်ကလား ။
ရုပ်ကလဲ ကလေးရုပ်မပျောက်ဘဲနဲ့ လူကြီးလိုဆံထုံးနဲ့ဆိုတော့
လူတွေက သံစဉ်ထွက်လာတာနဲ့ကို ရယ်နေကြပြီ ။
ဖေဖေ့သမီးလို့ ကြေငြာလို့လည်းပါတာပေါ့နော် .

ကလေးလူကြီးရုပ်လေးနဲ့ ဆိုမယ့်သီချင်းက ပျို့ဆုတောင်း ။တစ်ခါမှလည်း စင်ပေါ်မတက်ဘူး ။လန့်တာကလဲအရမ်းလန့် ။ စိတ်ကလဲအရမ်းအိုက် ။ ရှက်ကလဲရှက် ။

အိုး ။ တကယ်များပါဘဲ ။ ထွက်ပြေးလို့ရရင်ထွက်ပြေးမယ် ဆိုတဲ့စိတ်တောင်ပေါက်တယ် ။ဒါနဲ့ မိုက်ကြီးကိုကိုင် ။ သီချင်းသံကို ရုပ်သေလေးနဲ့ နားထောင်တာ ။

ကြောက်လွန်းလို့ ဘယ်က အဆိုစ၀င်ရမှန်းကို မသိတာ ။ ဒါနဲ့ ၀င်ဖို့နေရာရှာတာ မတွေ့ဘူး။ တီးပိုဒ်က ၂ ကျော့ ၃ ကျော့ဖြစ်နေပြီ ။အဖေဖေကလဲ စိတ်တွေဆိုးနေပြီ ။ မျက်စပစ်ပြတာ ။ ၀င်ရမယ့်နေရာမှာ ။ အဲဒါ သံစဉ်ကကြောက်လွန်းတော့ ဖေဖေ့ဘက်ကို မျက်နှာလှည့် ပြီးဖေဖေ့မျက်နှာ နောက်တစ်ခါ အပြကိုကြည့်နေတာ ။ အဲသည့်အချိန်မှာ အဆိုတော် အန်တီကြီးတစ်ယောက်က အနောက်ကနေ မိုက်ကိုင်ပြီး သံစဉ့်ကို ၀င်ဖို့ အချက်ပြရင်း သီချင်းအစကို သူကစ ၀င်ပေးတာ ။

“ ရှေးရှေးဘ၀ က ………………ရေစက်ဟောင်းကြောင့်ကွယ်……….မောင့်ကိုသာ”
အလိုလို ……….ပျို့စိတ်မှာ …………………”

ဖေဖေ့မျက်နှာရိပ်အပြကို ကြည့်နေတဲ့သံစဉ်က ရုတ်တရက် သီချင်းသံစ၀င်တာကိုကြားလိုက်တော့ လန့်ပြီး မိုက်ကြီးကို ကိုင်ပြီး

“အိုး အန်တီကလဲ နေပါ ဦး။ သံစဉ် ၀င်မလို့ ဖေဖေ့မျက်နှာကြည့်နေတာလို့ ပြောလိုက်တာ “

အသံက ဟိန်းပြီးထွက်လာတော့တာဘဲ ………

အားလုံးလဲ ၀ိုင်းရယ်တာပေါ့ ။အောက်က ပရိသတ်က လည်းထိန်းမနိုင်ကို ဖြစ်တော့တာ ။
ရယ်လွန်းလို့ ။ဆူညံသွားတာဘဲ ။
ဖေဖေမျက်နှာဆိုတာလေ ရဲတွတ်ပြီး။

သံစဉ် ဘဲလေ ။သိတယ်ဟုတ် ။ အရိပ်အခြေကို ကြည့်လိုက်တာနဲ့ ငါတော့ အိမ်ရောက်ရင် သေပြီလို့တွေးပြီးကြောက်ကြောက်နဲ့ဘဲပရိသတ်ဘက်ကို မျက်နှာမူ ပြီး အော်လိုက်တယ် ။

“ ခဏရပ် “ လို့ မိုက်နဲ့အော်ချ လိုက်ရော ။

“ စောစောက သံစဉ်က နောက်တာ အခုမှ တကယ်ဆိုမှာရှင့်လို့ “

အော်ပြောလိုက်တာပေါ့ ။( စင်ပေါ်မှာ သံစဉ်တို့ အဲသည့်တုန်းက တကယ်ကို ရှက်ရမှန်းမသိတော့တာ ) …….

အားလုံးတီးလုံးတွေလဲ ရပ် ။ ဖေဖေရိုက်လည်း ရိုက်ကာမှရိုက်ရောဆိုပြီး သံစဉ်က ဆံထုံးကြီးကို ဖြေ ။ ပြီးတော့ ပ၀ါကြီးကို ခါးစည်းပြီး ။ ဖေဖေဘက်ကို လုံးဝကို မလည့်ကြည့်တော့ဘဲ ။


“အခု သံစဉ်ဆိုမှ ပျို့ဆုတောင်းပါရှင် ။ “ မကောင်းလဲ လက်ခုပ်တီးပေးပါ ။ ကောင်းလဲ လက်ခုပ်တီးပေးပါ ။ ဖေဖေရိုက်မှာစိုးလို့ပါလို့ ပြောလိုက်ပြီး ။

ဖေဖေရေ သံစဉ် ဆိုတော့မယ် လို့လှည့်ပြောတော့ ။

သံစဉ်ပြောသလို လုပ်ရတော့မယ့် အခြေအနေမို့ပေါ့ နော် ။
ဖေဖေကလဲ အစကနေပြန်တီးရပါတယ် ။

အဲ
ဒီတစ်ခါတော့ လူတွေကိုလည်း သံစဉ်မမြင်တော့ဘူး ။ သံစဉ်မြင်တာ ဖေဖေ့ဒေါသမျက်နှာကြီးဆိုတော့ တစ်ခါထဲ အိုကေသွားတာဘဲ ။

ပျို့ဆုတောင်း သီချင်းလေးကို သံစဉ် ကပြီးဆိုသွားပါတယ် ။
အောက်ကလူတွေက လည်း ဖေဖေ့အကြောင်းသိလို့လားမသိ ။
သံစဉ်ကောင်းလို့လားမသိ ။တခဲနက် အားပေးလက်ခုပ်တီးပါတယ် ။

အားပေးသံတွေနဲ့ အဲသည့်နေ့က သံစဉ်တို့ ပွဲ ဖြစ်သွားပါတယ်။ဖေဖေက နင်တော်တော့လို့ဆိုမှ သံစဉ် ရပ်ပါတယ် ။

မရပ်မနားနဲ့ ကလိုက် ဆိုလိုက်နဲ့ ။ (၆ ပုဒ်လောက် ဆိုပစ်လိုက်တယ် )
(စိတ်ထဲမှာတော့ ဒီလောက်ဖေဖေငါ့ကို နေ့တိုင်းဆို ခိုင်းနေတဲ့သီချင်း တွေ အကုန်ဆိုပစ်မယ်လို့ )

အကုန်တော့ မဆိုလိုက်ရပါဘူး ။ တော်တော့တဲ့ ။

ဆုငွေလဲ အများကြီးရလိုက်ပါတယ် ။ အားပေးသံလည်း ရလိုက်ပါတယ်။ နောက်ဆုံးရလဒ်ကတော့ နောက်နောင် ဘယ်တော့မှ စင်ပေါ်မတက်ရဆိုတဲ့
ဖေဖေ့ရဲ့ ရာဇသံကြီးပါဘဲ ။(အိမ်မှာလည်း မဆိုရတော့ပါဘူး ) ။

တန်ဆောင်တိုင် တိုင်းလဲ အမျိုးအိမ် အပို့ခံရပါတယ် ။( သံစဉ်တို့ အဲသည့်လောက်ထိ တော်ခဲ့တာပါ ) ။


ဒါကြောင့် တန်ဆောင်တိုင်ပွဲရောက်တိုင်း သံစဉ် အဲသည့်ပွဲလေးကို အမြဲ ပြန်အမှတ်ရပါတယ် ။ဘယ်တော့မှလည်း ပြန်မရနိုင်တဲ့ သံစဉ့်ရဲ့ အမှတ်တရ ပွဲလေးပါဘဲ ။

ထာဝရ ချစ်တတ်ခြင်းတွေနဲ့ ပျော်ရွှင်နိုင်ပါစေ ။
နှင်းဆီသံစဉ်

အချစ်အဆိပ်သင့်သူများ

ကောင်မလေး ။


ကိုရေ ။ ကောင်မလေးမသိတော့ဘူးကွာ ။ ဘာကြောင့်များ
��( @� w H h9�PA
ကို့အပေါ်ကို ဒီလောက်ချစ်မိသွားလဲဆိုတာ ။

ကို့ကြောင့်လေ မဖြစ်ဘူးတာတွေလဲဖြစ်တယ် ။ မလုပ်ဖူးတာတွေလဲလုပ်မိတယ် ။

ကိုရေ နာမည်ကျော်မင်းသားလေး ကို့ကိုစသိမိလိုက်ထဲကလေ ။ ကောင်မလေး ရင်မှာ တဒိတ်ဒိတ်နဲ့ပေါ့ ။

တစ်ခါမှ မကြုံဘူးတဲ့ ရင်ခုန်သံတွေနဲ့ ကို့အကြောင်းတွေ သိချင်လာတယ် ။

အွန်လိုင်းအချစ်ဆိုတာ အမြဲတမ်း ကောင်မလေးလှောင်ရယ်နေကြပါကိုရာ ။ မယုံဘူးလေ မယုံဘူးပေါ့ ။

ဒါပေမယ့်ကိုရေ ။ ကိုနဲ့တွေ့မှ ကောင်မလေးမှာ မိန်းမသိက်ခါဆိုတာလဲ မရှိတော့ဘူး

ကို့ကိုကောင်မလေး အရမ်းချစ်မိသွားတယ် ။

ကိုရေ စချစ်မိသွားကထဲက ကို့ဆီကတုံ့ပြန်မှု မမျှော်လင့်ခဲ့ပါဘူးကိုရယ် ။

အရမ်းကို ပေပေတေတေနေတတ်တဲ့ ကို့ကို ကောင်မလေးပိုပိုပြီးဂရုစိုက်မိလာတယ် ။

ကိုမချစ်မှန်းသိနေပေမယ့် ကောင်မလေးချစ်နေရရင်ကို ကျေနပ်တတ်လာတယ် ။

ကိုရေ ။ ကို့မှာ ရည်းစားရှိတယ်တဲ့ ။ ဒါပေမယ့် ဘယ်သူဆိုတာကိုမပြောခဲ့ဘူး ။ ရည်းစားရှိတာကို သိလို့ကောင်မလေးကိုယ်တိုင် နောက်ဆုတ်ဖို့ကြိုးစားပါသေးတယ် ကိုရယ် ။ ဒါပေမယ့်မရခဲ့ဘူး ။

ကို့ကိုချစ်စိတ်တွေ တားမရခဲ့ဘူး ။ နောက်ဆုတ်လို့မရခဲ့ဘူး ။

ကိုရေ ………………….

မထင်မှတ်ဘဲ ကို့ဆီက ကောင်မလေးအပေါ်နားလည်ပေးတတ်မှုနဲ့ ဂရုစိုက်မှုကို ကောင်မလေးပြန်ရလိုက်တဲ့အချိန်မှာ ကောင်မလေး အရမ်းပျော်တာကိုရာ ။

ကို……တကယ်နူးညံ့တယ်သိလား ။

ကို့ကို အရမ်းချစ်တာဘဲသိလား ။

ကို့ရဲ့နူးညံ့မှုလေးတွေကို ကောင်မလေး တစ်ယောက်ထဲအပိုင်လိုချင်တယ်ကိုရာ ။

ကိုလို့ ကောင်မလေးဇွတ်ခေါ်တော့လဲ ကို မငြင်းနိုင်ခဲ့ဘူးလေ ။ အရမ်းချစ်ဖို့ကောင်းတဲ့ကို ။

နောက်တော့ ကို ကောင်မလေးအချစ်တွေကို အသိအမှတ်ပြုပေးခဲ့တယ်နော် ။ ကို ကောင်မလေးကို နွေးနွေးထွေးထွေး ဆက်ဆံလာတယ် ။

ပျော်လိုက်တာကိုရယ် ။ ကို့ကို တစ်သက်လုံးပိုင်ဆိုင်ချင်လိုက်တာ ။

ရုတ်တရက် ………..ကို ပြောင်းလဲသွားခဲ့တယ် ။ ကောင်မလေးကို ရှောင်ဖယ်ဖယ်လုပ်လာတယ်

ကောင်မလေးနဲ့မချက်တော့ဘူး ။ ကောင်မလေးကို ညီမလေးလိုဘဲချစ်ခဲ့တာတဲ့ ။ မခံစားစေချင်ဘူးတဲ့ ။ အိမ်ထောင်ဖက် မဖြစ်နိုင်ဘူးတဲ့ ။ ကို့အကြောင်းကိုမသိဘဲနဲ့အရမ်းချစ်နေတဲ့ကောင်မလေးမို့လို့ စာနာမိခဲ့တာတဲ့ ။ အခု ကို လက်ထပ်မဲ့သူက အရမ်းလိမ်မာတယ်တဲ့ ။ (ဒါဆို ကောင်မလေးကဆိုးတာပေါ့နော်
) ။

ကိုပေးခဲ့တဲ့ ဂရုစိုက်မှုတွေက အတုတွေပေါ့နော် ။ ကိုချက်ခဲ့တဲ့ စကားလုံးတွေ ။ ကိုဆိုပြခဲ့တဲ့သီချင်းတွေ ။ ကို ပြောပြခဲ့တဲ့ကို့ရဲ့ခံစားမှုတွေက အဖြည့်ခံတွေလား ကိုရာ ။

ကောင်မလေးကို မချစ်နဲ့တော့တဲ့ ။ မေ့လိုက်တော့တဲ့ ။ ကိုအရမ်းစိမ်းကားသွားခဲ့တယ် ။

အားးးးးးးးးးးးးးး……………………….

ကိုရေ ကိုကကောင်မလေးကိုအကြောင်းမဲ့ဖြတ်သွားခဲ့တယ် ။ ညီမလေးလို ဆက်ဆံပေးနေခဲ့တယ် ။ ကို့ရည်းစားလေးကို တန်ဖိုးတထားလုပ်ပြနေခဲ့တယ် ။ အရမ်းချစ်ပြနေခဲ့တယ် ။ ကောင်မလေးကို မိန်းမဗီလိန်ကြီးဖြစ်အောင် လုပ်နေသလိုပါဘဲကိုရာ ။

ကောင်မလေး မခံစားနိုင်ဘူးကိုရေ ။ ရင်ထဲမှာ အရမ်းပူလိုက်တာ ။

ကောင်မလေးကမိန်းမကောင်းပါကိုရာ ။ တစ်ခါမှ မချစ်ဖူးတဲ့သူပါ ။

ကို့ကိုချစ်မိလို့သာ ကောင်မလေး အရမ်းကိုယ့်စိတ်ကိုယ်မထိန်းနိုင်ခဲ့ဖြစ်နေခဲ့ရတာပါကိုရာ ။

ကိုရေ ………….ကိုကကို့ချစ်သူကို ကို့ရဲ့သစ္စာတရားကိုပြချင်တယ် ။ ကို့ချစ်သူကို ကိုက တမြတ်တနိုး လက်ထပ်ချင်တယ်တဲ့ ။

ဟင့်အင်း ။ မဖြစ်သင့်ပါဘူး ။ မဖြစ်ရပါဘူး ။ ကောင်မလေးခွင့်မပြုဘူးကိုရာ ။ ကောင်မလေးမှားတယ်ဆိုရင်လဲ ကို့ကိုချစ်လွန်းလို့မှားမိတာဖြစ်မှာပါ ။

ကို့ကိုကောင်မလေးအရမ်းချစ်တယ်ကိုရာ ။ သူများကိုမပေးနိုင်ဘူး ။ ဘယ်သူ့ကိုမှ မပေးချင်ဘူး ။ မပေးနိုင်ဘူး ။ ကိုရေ ………………….ကောင်မလေးကို မချစ်တော့ရင်နေပါ ။ဒါပေမယ့် ကို့ကို တခြားတစ်ယောက် ကိုတန်ဖိုးတထားလုပ်ပြနေတာ ကောင်မလေး မခံစားနိုင်ဘူးကိုရာ

ဒီတော့ ကို ကောင်မလေးဆီကို ပြန်လာဖို့ ကောင်မလေး အကြိမ်ကြိမ်ကြိုးစားဖူးတယ် ။ အကြိမ်ကြိမ်ခံစားဖူးတယ် ။အကြိမ်ကြိမ် တောင်းဆိုဖူးပါတယ် ။

ကိုအရမ်းပြတ်သားခဲ့တယ် ။ လုံးဝကို ကောင်မလေးကိုမစာနာခဲ့ဘူး ။ ကို့ကို မုန်းတယ် ။ ကို့ကိုကောင်မလေးမရသလို ကိုလည်း ကို့ချစ်တဲ့ကို့ချစ်သူကို မရစေရဘူးမှတ်ပါကိုရာ ။

ကိုရေ ။ ကောင်မလေးကိုမှားတယ်လို့တော့မပြောပါနဲ့ကိုရာ


ကို့ကိုချစ်လွန်းလို့ မှားမိတာနေမှာပါ ။ ကောင်မလေးချစ်သူကို ကောင်မလေးမပိုင်ဆိုင်ရရင်နေပါ တခြားသူရဲ့ရင်ခွင်မှာတော့ မမြင်ချင်တာ ကောင်မလေး အတ္တပေါ့ကိုရာ


ကို့ကိုချစ်လွန်းတဲ့အတ္တပေါ့ ။

တကယ်တော့ ကို့ကိုချစ်ရလွန်းလို့ ကောင်မလေး အရမ်းပင်ပန်းနေပါတယ်ကိုရယ် ။

ချစ်ရလွန်းလို့ ပင်ပန်းနေပါတယ် ။



ကောင်လေး


အမှန်တော့ ကျွန်တော်က တော်တော်အတ္တ ကြီးတဲ့အကောင်ဗျ ။

ဒါပေမယ့် ကျွန်တော်အတ္တက ကျွန်တော့ကိုဘဲ ထိခိုက်တာပါ ။

ဘယ်သူ့ကိုမှ မထိခိုက်ခဲ့ဘူးဘူးဗျ ။

လူတိုင်းကို ကျွန်တော် နားလည်နိုင်အောင်ကြိုးစားတယ် ။ နားလည်ပေးတယ် ။

ဘယ်သူ့ကိုမှ ကျွန်တော်ကြောင့် မထိခိုက်စေဘူး ။ မထိခိုက်စေခဲ့ဘူးဘူးပေါ့ဗျာ ။


ကျွန်တော့်ဘ၀အတွက် ကျွန်တော် အစီအစဉ်ကို ချထားပြီးသား ။

ရှုံးရမှာကို မကြိုက်လို့ ကျွန်တော် ရှုံးမယ့်ကိစ္စဆိုကျွန်တော်ဘာမှ မလုပ်ဘူးဗျ ။

သူများပိုက်ဆံလဲ မတရားမယူဘူး ။ သူများကိုလဲ မတရားမလုပ်ဘူး ။

အဲ

ကျွန်တော့ကိုလဲ မတရားလုပ်တာ မကြိုက်ဘူးဗျ ။

လက်သင့်လဲ မခံဘူး ။ ပြန်တုံ့ပြန်တာပါဘဲ ။


ကျွန်တော် ယောက်ျားလေးဗျာ ။

ဒါပေမယ့် ကျွန်တော့ သိက်ခါနဲ့ပတ်သက်လို့ကျဆင်းမှာ ဘာမှ မလုပ်ဘူးဗျ ။

ကောင်မလေးနဲ့ပတ်သက်တာလား

တကယ်တော့ ကျွန်တော့ဆီမှာ ကျွန်တော်ငယ်ငယ်ကထဲကချစ်ရတဲ့ ။

ငယ်ငယ်လေးထဲက လက်ထပ်ချင်တဲ့ ကျွန်တော် တစ်ဘက်သတ် အရမ်း အမြတ်နိုးရဆုံး ချစ်သူလေးရှိပြီးသားပါ ။

ချစ်သူလေးနဲ့ကျွန်တော်က ငယ်သူငယ်ချင်းတွေ ။

သူမကို ချစ်တယ်လို့ ကျွန်တော် ပြောထားပြီးသားဗျ ။

သူမကလဲ မာနခဲ ။ သူမ ပညာရေး သူမလိုချင်တဲ့ပန်းတိုင်မရောက်မချင်းအဖြေမပေးဘူးတဲ့ဗျ ။

သူမလေးကိုဖြည့်ဆည်းချင်တဲ့ကျွန်တော် နိုင်ငံခြားထွက်လာတယ်ဗျာ။

အလုပ်ကြိုးစားတယ်ဗျာ ။

ကျွန်တော့ကို အားကိုးတဲ့မိဘတွေကိုမျက်နှာမပျက်ရအောင် ကျွန်တော်ကြိုးစားတယ်ဗျာ ။

သူမလေးကိုလဲ အချိန်ပေးစောင့်နေတယ်ဗျာ ။

တခြားကောင်မလေးကိုလဲ စိတ်ကူးနဲ့တောင်မပစ်မှားဘူးဘူး ။

ကျွန်တော့ကောင်မလေးကလဲ အဖြေရဖို့ တော်တော် စောင့်ရတာဗျ ။

ဒါပေမယ့် ကျွန်တော်ကချစ်တဲ့သူဆိုတော့ အဲလိုစောင့်နေရတာကိုက သူမအပေါ်ကျွန်တော် တန်ဖိုးထားတာကိုပြတာလို့ခံစားမိပြီးကျွန်တော် သူမလေးကိုဇွဲကောင်းကောင်းနဲ့စောင့်နေခဲ့တာပေါ့ ဗျာ ။

ကျွန်တော့ ချစ်သူလေးက ပြောထားတယ်ဗျာ ။ သစ္စာရှိကြေးတဲ့ ။


ကျွန်တော့် ဘ၀ကိုကောင်မလေး ၀င်လာတာတော့ တော်တော် မြန်တယ်ဗျ ။

အမြဲတမ်း အထီးကျန်နေတဲ့ကျွန်တော့ကို ကောင်မလေးက ဟာသတွေပြောတယ် ။

အရမ်းဂရုစိုက်တယ် ။

ပြီးတော့ ကျွန်တော့ကိုအရမ်းချစ်တယ်ဗျာ ။ အသေးစိတ်ကအစ ပူပန်တတ်တယ် ။

ဒီတော့ ကျွန်တော်သူ့ကို သနားလာတယ်ဗျာ ။ကိုယ်ချင်းစာလာတယ် ။ ကျွန်တော်ကောင်မလေးနဲ့အလိုက်သင့်စကားပြောပေးတယ်ဗျာ ။

ချက်တယ်ပေါ့ ။

ကျွန်တော် နဲ့ အွန်လိုင်းချစ်သူအဆင့်ဖြစ်ကုန်တယ်ပေါ့ ။

ကျွန်တော်ရဲ့အမှားကတော့ ကျွန်တော့်ကို ဂရုစိုက်မှုလေးတွေ ။ ကိုယ်ချင်းစာမှုလေးတွေ သာယာမိသွားတယ်ဗျာ ။ ဒါပေမယ့် ကျွန်တော် အွန်လိုင်းချစ်သူဆိုတာ အပြည့်အ၀ မယုံရဲပါဘူးဗျာ ။

တကယ်လဲ အွန်လိုင်းချစ်သူဆိုတာ တကယ်တော့ အပြည့်အ၀ မယုံသင့်ပါဘူးဗျာ ။ ကျွန်တော်ပြောသလောက်ဘဲ ကောင်မလေးသိတာလေ ။

အွန်လိုင်းလေးနဲ့ ကျွန်တော့ကို ယူမယ့်အထိ ဆုံးဖြတ်တယ်ဗျာ ။


အား………….ကျွန်တော် တော်တော်လန့်သွားခဲ့တယ် ။

ကောင်မလေးရဲ့အချစ်တွေကို ။

ကျွန်တော် သေချာဂရုတစိုက်နဲ့ ဆုံးဖြတ်ရတော့မယ် ။


အဲသည့်အချိန်မှာ ကျွန်တော့ကို ချစ်သူက ချစ်တယ်တဲ့ဗျာ

အဖြေပေးလာတယ် ။

ကျွန်တော့ အကြာကြီးပိုးခဲ့တဲ့ကျွန်တော်ချစ်ရတဲ့ကောင်မလေးက ချစ်တယ်လို့ပြောလာတာဗျာ။

ကျွန်တော် အရမ်းတန်ဖိုးထားတဲ့ကောင်မလေးက ပြောလာတာဗျာ ။

ဒီတော့ အမြဲလက်တွေ့ဆန်တဲ့ကျွန်တော် အွန်လိုင်းပေါ်က ကောင်မလေးကိုဖြတ်ရတာပေါ့ဗျာ ။

ကျွန်တော့ကြောင့် ကောင်မလေးကို မငိုစေချင်ဘူးဗျာ ။

မခံစားစေချင်ဘူး ။ မင်းမုန်းလိုက်လို့ မပြောရက်ခဲ့ဘူး ။

ဒါကြောင့် ကောင်မလေးကို ညီမလေးလိုနေမယ်လို့ ကျွန်တော် ပြောပေးခဲ့တယ် ။

ကျွန်တော့ ချစ်သူလေးဆီက အဖြေရပြီလေ ။ ကျွန်တော့အတွက်ဘာလိုသေးလဲဗျာ ။

ကျွန်တော့ ဘ၀အတွက်ရည်စူးထားတဲ့ချစ်သူလေ ဗျာ ။

ကောင်မလေးအပေါ်ကျွန်တော်မတရားဖြစ်မယ်ဆိုတာ သိနေပေမယ့် ကျွန်တော်သူ့ကို အမုန်းတွေနဲ့ မရှိစေချင်ဘူးဗျာ ။ မပူလောင်စေချင်ဘူး ။


ထင်တဲ့အတိုင်းပါဘဲဗျာ ။ ကောင်မလေးအရမ်းခံစားရတယ် ။ အရမ်းပူလောင်ရတယ် ။

ဒီတော့ ကျွန်တော်သူမကို အကောင်းဆုံး ညင်ညင်သာသာလေး ပြောပေးခဲ့တယ်ဗျာ ။ သူမလေးစိတ်ထွက်ပေါက်ရအောင်လို့ သူမလေးကျွန်တော့်အပေါ်မှာ မိုက်မိုက်ရိုင်းရိုင်းတွေပြောတဲ့အထိ ။

ကျွန်တော်သည်းခံခဲ့ပါတယ် ။ ကျွန်တော့်ကျင်လည်တဲ့အွန်လိုင်းပတ်ဝန်းကျင်မှာကျွန်တော့ကို ဗီလိန်ကြီးတစ်ယောက်ဖြစ်တဲ့အထိ သူမလက်တုံ့ပြန်ခဲ့တယ် ။


ကျွန်တော် သည်းခံခဲ့ပါတယ် ။ ဒါပေမယ့် ကောင်မလေးက ကျွန်တော့ချစ်သူလေးနစ်ကိုရသွားပြီး ။

နောက်ဆုံး ကျွန်တော်နဲ့သူမ ချက်ထားတဲ့ချက်လစ်တွေ အကုန်လုံး ကျွန်တော့ချစ်သူဆီကိုပို့လိုက်ပါတယ် ။

နည်းနည်းမှကိုအတိမ်းအစောင်းမခံတဲ့ ကျွန်တော့်ချစ်သူမာနခဲလေး ကျွန်တော့ကို မုန်းသွားပါတယ် ။

ကျွန်တော် ခံစားရတယ်ဗျာ ။ အရမ်းကိုခံစားရတယ် ။ ကျွန်တော့ရဲ့စာနာမှုက ကျွန်တော့ရဲ့ဘ၀ကို ပါထိခိုက်စေတာလား ။ကျွန်တော့အချစ်ကိုပါ ဆုံးရှုံးစေတာလား ။

ကျွန်တော်ဘာလုပ်သင့်လဲဗျာ မသိတော့ ဘူး ။

ကျွန်တော်သိတာ တစ်ခုရှိသွားတယ် မိန်းမဆိုတာ အရမ်းအဆိပ်ပြင်းတယ်လို့ ။

အရမ်းအချစ်ကြီးတဲ့မိန်းမတွေက အရမ်းလက်တုံ့ပြန်တာ ပြင်းတယ်ဆိုတာ ကျွန်တော်သိသွားပြီ ။


ကျွန်တော်မှားတယ်ဆိုတာ သိပါတယ် ။ ယောက်ျားတစ်ယောက်ရဲ့သာယာမှုနဲ့ စာနာမှုတွေကြောင့် ကျွန်တော့်ချစ်သူလေးကိုစွန့်လွှတ်ရဖို့အထိ ဖြစ်သွားခဲ့တာကို တော့ ကျွန်တော်ဘယ်တော့မှ မမေ့ဘူးဗျာ ။


ဒါပေမယ့်ကျွန်တော် ကျွန်တော့ချစ်သူလေးခွင့်လွှတ်တဲ့အထိစောင့်မယ်ဗျာ ။


ကောင်မလေးလိုအချစ်မျိုးတော့ ကျွန်တော်မလိုချင်တော့ဘူးဗျာ ။

ကောင်မလေးကိုမုန်းတော့မမုန်းပါဘူးဗျာ ။ ပတ်သက်ရမှာ ကြောက်သွားတာ ။ ကောင်မလေးလိုအချစ်မျိုးကို ကျွန်တော် ကြောက်သွားပါပြီဗျာ ။


အမြဲလက်တုံ့ပြန်ရမှ ကျေနပ်တဲ့ကျွန်တော်

အခု ကောင်မလေးကို ပတ်သက်ရမှာကိုကြောက်သွားတာ

မပြန်တော့ပါဘူးဗျာ ။

ကောင်မလေးနဲ့ချစ်ခြင်း မုန်းခြင်းကင်းတဲ့နေရာမှာဘဲ နေတော့မယ် ။ မပတ်သက်ရရင်ကိုကျေနပ်ပါတယ်။


နောင်တစ်ကြိမ် ကျွန်တော့်ချစ်သူကောင်မလေးကိုပြန်ပိုးရတာပေါ့ဗျာ ။


ကတိလဲပေးပါတယ် ။ နောက်နောင် ဘယ်တော့မှ ကျွန်တော် မသာယာတော့ပါဘူးလို့ ။ ကျွန်တော့်ချစ်သူလေးနားလည်စေဖို့ပေါ့ဗျာ ။



ချစ်သူလေး


ကျွန်မချစ်သူကိုကျွန်မသိပ်ချစ်ပါတယ် ။ ဒါပေမယ့်ခက်ခဲတာကိုမှမရရအောင်ယူတတ်တဲ့ကျွန်မချစ်သူ့စိတ်ကလေး ။

လွယ်လွယ်ရရင် ခဏဘဲ တန်ဖိုးထားတတ်တဲ့ကျွန်မချစ်သူလေး ။

သူများကိုအားနာတတ်တဲ့ ချစ်သူ ။

ဘ၀ကိုအစီအစဉ်ချမှုတွေနဲ့တဆင့်ချင်သွားချင်တဲ့ကျွန်မ ။

လူမျိုးမတူလို့ သဘောမတူနိုင်တဲ့မိဘ ။

ကြိုးစားမှုကို ပြနေတဲ့ချစ်သူ ။

ပညာရေးနဲ့ဘ၀ကိုလက်မထောင်ချင်တဲ့ကျွန်မ။

ကျွန်မကိုယ်တိုင် လူငယ်တစ်ယောက်ဖြစ်နေပေမယ့်

ဘ၀ကိုလက်တွေ့ဖြတ်ကျော်လာရလွန်းလို့

အချစ်ဆိုတာကို စိတ်ကူးမယဉ်နိုင်သေးပါဘူးရှင် ။

လူငယ်တစ်ယောက်ဖြစ်နေပေမယ့် ဘ၀ကိုကျွန်မအတွက်နဲ့ ရဲရဲကြီးမငြီးမငြူရင်ဆိုင်နေတဲ့ချစ်သူ ။

ငယ်ငယ်ထဲကသံယောဇဉ်တွေနဲ့ သူငယ်ချင်းလေးပေါ့ရှင် ။

တကယ်တော့ ကျွန်မသူ့ကိုအရမ်းချစ်ပါတယ် ။

ဘ၀အခြေအနေတွေကြောင့် အဖြေမပေးသေးပေမယ့် သူ့ကိုကျွန်မအချစ်ဆုံးပါ ။

ဒါပေမယ့်ကျွန်မကိုယ်တိုင် ယောက်ျားဆိုလို့သူ့တစ်ယောက်သာပတ်သက်ဖူးလို့ သူ့ဘ၀မှာလဲ အချစ်ဆိုတာကို ကျွန်မအတွက်ဘဲ ဖြစ်နေစေချင်တာ မိန်းမသားတစ်ယောက်ရဲ့အတ္တပေါ့ရှင် ။

သူ့ရဲ့လေးနက်တည်ကြည်မှုကို ယုံလို့။ သူနိုင်ငံခြားထွက်ပြီး ၃ နှစ်ကြာမှာ ကျွန်မအဖြေပေးခဲ့ပါတယ် ။

ကျွန်မမျှော်လင့်တာ သူပျော်သွားမယ်ပေါ့နော် ။


သူ အရမ်းကြည်နူးသွားမယ် ။ ပိုကြိုးစားချင်စိတ်ဖြစ်သွားမယ် ။

ကျွန်မလည်း သူ့တစ်ယောက်ကိုဘဲအတွေးတွေနဲ့ချစ်ခဲ့ဘူးလို့ သူ့ကိုလဲ ကျွန်မလိုဘဲလို့ယုံကြည်မိပါရဲ့ရှင် ။

အဖြေပေးပြီးလို့ သိပ်မကြာခင်လေးမှာဘဲ ကျွန်မဆီကို မေးလ်တစ်စောင်ရောက်လာခဲ့တယ် ။


ကိုလို့ခေါ်တဲ့ယောက်ျားတစ်ယောက်နဲ့ကောင်မလေးလို့ခေါ်တဲ့မိန်းမတစ်ယောက်တို့ရဲ့ ပတ်သက်မှုစာတမ်းပေါ့လေ ။

အစွဲအလမ်းကြီးစွာချစ်တတ်တဲ့မိန်းမငယ်လေးတစ်ယောက်ဆိုတာ ကျွန်မသိသွားတယ် ။

ရုတ်တရက် ကျွန်မထူပူသွားခဲ့တယ် ။


ကျွန်မမမျှော်လင့်ခဲ့တဲ့ ။

ဘ၀အစီအစဉ်ချမှုမှာမပါခဲ့တဲ့ အစိတ်အပိုင်းတစ်ခု ။ အဖြစ်အပျက်တစ်ခု ။

ပါဝင်သူက ကျွန်မချစ်သူ ။


ကျွန်မဘာလုပ်ရမလဲ ။

စူးစူးနစ်နစ်ချစ်တတ်သူကောင်မလေးကိုလဲ သနားတယ် ။

တဖွဖွ အဖြေတောင်းခဲ့တဲ့ ယောက်ျားတစ်ယောက် တဲ့လား ။

အဲလိုအမှားမျိုးရှိတယ်တဲ့လား ။


ကျွန်မတွေးတာက တကယ်လို့ကျွန်မတစ်ယောက်ထဲသာသူချစ်တတ်မယ်ဆိုရင် ဘယ်လိုဇါတ်လမ်းမှ သူအဖြစ်ခံမှာမဟုတ်ဘူးလေ ။


ဒီတော့ ကျွန်မရဲ့ပေးခဲ့တဲ့အချစ်တွေ ။ အဖြေတွေကို ရုတ်သိမ်းလိုက်တယ် ။


ဒီကြားထဲ အကြာကြီးစဉ်းစားခဲ့တဲ့ကျွန်မကမှားသလား ။

အချစ်ကြီးတဲ့ကောင်မလေးကဘဲမှားသလား ။

သာယာတတ်ခဲ့တဲ့ ကျွန်မချစ်သူကဘဲမှားသလား ။

ဘယ်သူမှားသလဲ ။

ကျွန်မ အဖြေ မသိသေးပါဘူး ရှင် ။


အချစ်ဆိုတာ ယောက်ျားတစ်ယောက်အတွက်
ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပေမယ့်
မိန်းမတစ်ယောက်အတွက် တဘ၀လုံးဖြစ်ပါတယ် ။

အားလုံးချစ်တတ်ခြင်းတွေနဲ့ပျော်ရွှင်နိုင်ကြပါစေရှင်

နှင်းဆီသံစဥင်္

ဟာသလေးများ(၁)

နွားများ လယ်ကွင်းထဲတွင်ရပ်နေသည်။

နွားတစ်ကောင်က တခြားတစ်ကောင်ကိုပြောလိုက်သည်။

မင်းနွားရူးရောဂါနဲ့ပတ်သက်ပြီး စိတ်မပူဘူးလား လို့မေးလိုက်၏။

ကျန်တဲ့၁ကောင်ကဖြေလိုက်တယ်။ ၊

( ဟင့်အင်း ။ ငါ အဲသည့်အတွက်မပူပါဘူး ။ ငါကမြင်း ကိုး ) ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဆရာမ ။ I နဲ့စတဲ့ စာကြောင်းတစ်ကြောင်း ဆရာမကို ပြောပြပါ မောင်မောင် ။

မောင်မောင် ။ I is the……….

ဆရာမ ။ ရပ်စမ်း ။ I ရဲ့ နောက်မှာ is သုံးလို့မရဘူးလေ ။ I ရဲ့ အနောက်မှာ အမြဲတမ်း am ဘဲသုံးရတယ် ။ မှတ်ထား ကြားလား ။ ပြန်ပြော I နဲ့ စတဲ့ စာကြောင်းကို ။

မောင် မောင် ။ ဟုတ်ကဲ့ ဆရာမ ။ I am the ninth letter of the alphabet……..

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


လူတစ်ယောက်က ဆရာဝန်ထံမှာ ဖုန်းလက်ခံ ရရှိသည် ။

ဆရာဝန် ။ ကျွန်တော့မှာ ခင်ဗျားကိုပြောဖို့ ကောင်းသတင်း ၁ ခု ရယ် မကောင်းသတင်းတစ်ခုရယ်ရှိတယ် ။

ယောကျာ်း ။ ဟုတ်ကဲ့ဆရာ ။ ကောင်းသတင်းကို အရင်ပြောပေးပါဆရာ ။

ဆရာဝန် ။ အိုကေ ။ ကောင်းသတင်းက ခင်ဗျားနောက်ထပ်၂၄ နာရီဘဲ အသက်ရှင်ရတော့မယ် ။

ယောက်ျား ။ အိုး………အဲဒါက ကောင်းသတင်းဆိုရင် ဆိုးတဲ့ သတင်းကရော ဆရာ ။

ဆရာဝန် ။ စိတ်မကောင်းပါဘူး ဗျာ ။ မကောင်းတဲ့သတင်းက ကျွန်တော် မနေ့က ဖုန်းဆက်ပြောဖို့ မေ့သွားခဲ့ပါတယ် ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


A ; မင်းအညစ်ပတ်ဆုံး ဟာသတစ်ခုနားထောင်ချင်လားကွ ။

Bး အိုကေ

A : မြင်းဖြူဖြူ စွတ်စွတ် တစ်ကောင်က ရွှံ့ပုတ် မဲမဲ ကြီးထဲ ပြုတ်ကျသွားတယ် ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


လူကျပ်ညပ်နေသော ဘတ်စ်ကားပေါ်တွင် မိန်းမကြီးတစ်ယောက်သည် ယောကျာ်းတစ်ယောက်မျက်လုံးမှိတ်ပြီး ကားကိုမတ်တပ်စီးနေသည်ကိုတွေ့၏ ။

ရှင်ဘာဖြစ်နေတာလဲ ။ နေမကောင်းဘူးလား ။ ရှင့်မျက်လုံးက တစ်ခုခု ဖြစ်နေတယ် ။

ထိုလူမှ ပြန်ဖြေ၏ ။ ကျွန်တော်ဘာမှ မဖြစ်ပါဘူးခင်ဗျာ ။ ကျွန်တော့မျက်စိက မိန်းမရုပ်ဆိုးဆိုးတွေ ကျွန်တော့ရှေ့လာရပ်ရင် အလိုလို

ပိတ်သွားတတ်တာပါ ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဆရာမ ။ အနောက်အိန္ဒိယကထွက်တဲ့ထုတ်ကုန်က ဘာလဲ ??

ကျောင်းသား ။ မသိပါဘူးဆရာမ ။

ဆရာမ ။ ဟုတ်ပါပြီ ။ဒါဆို မင်းအိမ်က သကြားကို ဘယ်ကရတယ်လို့ ထင်ပါသလဲ ?

ကျောင်းသား ။ မေမေ ဟိုဘက်အိမ်က သွားချေးလာတာပါ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆရာမ ။ မင်းအဖေက မင်းအိမ်စာတွေကို မင်းနဲ့အတူတူ ကူလုပ်ပေးသလား မောင်မောင် ။

မောင်မောင် ။ မဟုတ်ပါဘူးဆရာမ ။ သူ့ဘာသာ သူ အားလုံး လုပ်သွားတာပါ ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


A: ဟိုး အရှေ့က ဂျင်းဘောင်းဘီ အပြာနဲ့ တီရှပ်အနီနဲ့လူကိုကြည့်စမ်း။ ယောက်ျားလား မိန်းမလား မသိဘူး နော် ။ ။ခေတ်ကာလသားသမီးတွေ ဘယ်လိုဝတ်စားနေမှန်းကိုမသိတာ။

B: အော် ။ အဲဒါ မိန်းမလေးပါ ။ ငါ့သမီးလေ ။

A: ဟယ် ။ ဟုတ်လား ။ ဆောရီးနော် ။ ကျွန်မက ရှင့်ကို သူ့အဖေမှန်းမသိလို့ပြောမိတာပါ ။ဆောရီးနော် ။

B: ဟုတ်ကဲ့ ။ ရပါတယ် ။ ကျွန်မက သူ့အမေပါ ။ အဖေ မဟုတ်ပါဘူး ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ကောင်လေး ။ မင်းကငါ့ကို ကမ္ဘာကြီးဆုံးအောင် လမ်းလျှောက်ကို ငါလျှောက်ပါ့မယ် ။

ကောင်မလေး ။ ကမ္ဘာကြီး အပြင်မှာရော နေနိုင်ပါ့မလား ။

ကောင်လေး ။ မင်းသာ အလိုရှိမယ်ဆိုရင် ငါ သွားနေပေးပါ့မယ် ။

ကောင်မလေး ။ တစ်ခုဘဲ ရှိတယ်ရှင့် ။ ကျွန်မက ဈေးပေါပေါ လက်ဆောင်မယူတတ်ဘူးနော် ။

ကောင်လေး ။ ငါ့မှာ ရှိတဲ့ ကောင်းတဲ့ အရာတွေ အားလုံး မင်းနဲ့အတူတူ မျှသုံးပေးပါ့မယ် ။

ကောင်မလေး ။ တကယ်လား ။ ဒါဆို ရှင့် ဘဏ် အကောင့်လေး ကို အရင် စသုံးကြည့်ရအောင် ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


သား ။ ဖေဖေ ညံ့ဖျင်းတဲ့သူဆိုတာ ဘယ်လိုမျိုးလဲ ဖေဖေ ။

အဖေ။ ညံ့ဖျင်းတဲ့သူဆိုတာ လူတစ်ယောက်က လူတစ်ယောက်ကို သူမသိတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး အကြာကြီးရှင်းပြတယ် ။ ဥပမာတွေအများကြီးသုံးပြီးရှင်းပြတယ် ။ နည်းလမ်းတွေ
အများကြီးနဲ့ ရှည်ရှည်ဝေးဝေး စိတ်ရှည်လက်ရှည်ရှင်းပြတယ် ။ ဘယ်လိုဘဲ ရှင်းပြ
ရှင်းပြ ။ သင်ပေး သင်ပေး အဲသည့်လူက လုံးဝကို နားမလည်တာကို ညံ့ဖျင်းတဲ့သူ လို့
ခေါ်တယ် သားရဲ့ ။ သား နားလည်လား ။

သား ။ နားမလည်ဘူး ဖေဖေ ။ ဘယ်လို လူလဲ ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ငါးကန်ထဲမှာ ရွှေငါး၂ ကောင်စကားပြောနေကြ၏ ။

ပထမ ရွှေငါး ။ မင်းဘုရားသခင်ကို ယုံလား။

ဒုတိယ ရွှေငါး ။ ဟာ ကွာ ယုံတာပေါ့ ။ ငါတို့ကို ရေ လာလာ လဲပေးနေတာ ဘယ်သူလို့ မင်းထင်နေသလဲ ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


သူဌေး : ဟေးကောင်လေး ။ ငါ့ကို အငှားကား ခေါ်ပေးကွာ ။

ကောင်လေး ။ ဟုတ်ကဲ့ဆရာ ။ ဟေ့ ကောင် အငှားကား ။ (သူဌေးအား အငှားကားဟု ခေါ်ပေးလိုက်ခြင်း ဖြစ်သည်)/


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


ဆရာ ။ RING ရဲ့ V3 က ဘာဖြစ်မလဲ ကွာ ။

ကျောင်းသား ။ ဆရာ ဘယ်လိုထင်ပါသလဲ ဆရာ ။

ဆရာ ။ ငါ သိတယ် လို့ ငါမထင်ဘူးကွ ။

ကျောင်းသား ။ ဒါဆို ကျွန်တော်လဲ သိမယ့်ပုံမပေါ်ဘူးဆရာ ။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နှင်းဆီပန်းလေးများအကြောင်း




( အနီရောင် နှင်းဆီ )











ရိုးသားတည်ကြည်လေးစားသောအချစ် ။ မြဲမြံသော သစ္စာတရား ဖြင့် မင်းကို ငါချစ်တယ် ဟု ဆိုလိုချင်ပါက အနီရောင် နှင်းဆီကို ချစ်တဲ့သူထံပို့ပေးပါနော် ။

-

(ပန်းရောင် နှင်းဆီ)







နူးညံ့သိမ်မွေ့စွာနဲ့ချိုမြိန်သော အချစ်လို့ ဖေါ်ထုတ်ချင်ရင်ဘဲဖြစ်ဖြစ် ။ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ပါတယ်ဆိုတာ ကို လှိုက်လှိုက်လှဲလှဲ ပြောချင်ရင်တော့ ပန်းနုရောင် နှင်းဆီပန်းလေးကိုပေးပြီး ဖေါ်ပြလို့ရပါတယ်ရှင် ။

-

( အ၀ါရောင်နှင်းဆီ)







ရှေ့မှာ ဘာတွေဘဲဖြစ်ခဲ့ ဖြစ်ခဲ့ ။ ဒီနေ့လေးကနေစပြီးတော့ လွတ်လပ်ပေါ့ပါးခြင်း ။ နွေးထွေးပျူငှာခြင်း ။ ကျေနပ်နှစ်သိမ့်တတ်ခြင်း ။ ကျေးဇူးတင်ရှိခြင်းတွေနဲ့
ဘ၀တစ်ခုကို လျှောက်လှမ်းတော့မယ်လို့ ဖေါ်ပြချင်ရင်တော့ အ၀ါရောင်နှင်းဆီပန်းလေးကို
ပို့ပေးလိုက်ပါနော် ။



( အဖြူရောင် နှင်းဆီ)








သန့်ရှင်း စင်ကြယ်သော ချစ်ခြင်း ။ ယုံကြည်မှု ။ မင်းဟာငါ့အတွက်တော့ တစ်ကယ့်ကို ဘုရားပေးတဲ့ ဆုလာဘ်ပါဘဲ ။ ငါဟာမင်းရှိတဲ့အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်ဆိုတဲ့ခံစားချက်လေးဘဲဖြစ်ဖြစ် ။ မင်းကို ငါလွမ်းနေပါတယ် ။
ဆိုတာဘဲဖြစ်ဖြစ် ဖေါ်ပြချင်ရင်တော့ အဖြူရောင်နှင်းဆီပန်းလေးကို သာ ပေးလိုက်ပါနော်
။ ( အများအားဖြင့် ခိုင်မြဲသောအချစ်ကို ဖေါ်ကျူးပြီး မင်္ဂလာဆောင်တွေမှာ
နှင်းဆီပန်းအဖြူကိုသုံးတာများပါတယ်ရှင် )

-

(ခရမ်းရောင်နှင်းဆီ )









မြင်မြင်ချင်းဘဲ ချစ်မိပါတယ်ဆိုရင်တော့ ခရမ်းရောင်နှင်းဆီလေးကိုပေးလို့ရပါတယ်နော် ။

(လိမ္မော်ရောင်နှင်းဆီ)









မင်းနဲ့မှ ချစ်တတ်ပြီပေါ့လို့ ထူးထူးခြားခြားခံစားချက်လေးကို ချစ်သူကို ပြောပြချင်ရင်တော့ လိမ္မော်ရောင်နှင်းဆီပန်းလေးကို ပေးလို့ရပါတယ်နော် ။

သူငယ်ချင်းတစ်ယောက်ယောက်က လုပ်ငန်းအသစ် စလုပ်တယ်ဆိုရင်လဲ လိမ္မော်ရောင် နှင်းဆီပန်းလေးပေးပြီး ဂုဏ်ပြုလို့ရပါတယ်လို့ ။




နှင်းဆီအရေအတွက်လေးတွေက ပြောသော စကားလေးများ ။



1 Rose
မင်းတစ်ယောက်ထဲကိုဘဲ မြင်မြင်ချင်းချစ်မိပါတယ်ကွယ် ။
- 2 Roses
တစ်ယောက်ကိုတစ်ယောက်နက်နက်ရှိုင်းရှိုင်းချစ်ကြမယ်နော် ။
- 3 Roses
ချစ်တယ်
- 6 Roses
ငါဟာမင်းရဲ့အရိပ်ကလေးဖြစ်ပါရစေ ။
- 7 Roses
မင်းကြောင့် ငါရူးနေပြီသိလား ။
- 9 Roses
အဆုံးအစမရှိ ချစ်ခြင်းများနှင့် မင်းနဲ့ငါ ဘ၀အဆုံးထိချစ်မယ် ။
- 10 Roses
မင်းက ပြည့်စုံပါတယ် ။
- 11 Roses
မင်းဟာငါ့ဘ၀အတွက် ရတနာ တစ်ပါးပါဘဲ ။ မင်းလောက်ချစ်ရမယ့်သူငါ့ဘ၀မှာ မရှိပါဘူးကွာ ။
- 12 Roses
ငါ့ကို ငြိမ်းအေးစေပါနော် ။
- 13 Roses
လျို့ဝှက်အချစ်
- 15 Roses
ငါတကယ်စိတ်မကောင်းပါဘူး ။ ငါ့ကိုခွင့်လွှတ်ပါကွာ ။
- 20 Roses
အခုချိန်ကစပြီး ငါမင်းကို ကြင်နာပါ့မယ် ။ ငါ့ကိုယုံကြည်ပေးပါကွာ ။
- 21 Roses
မင်းအပေါ်ကို ငါ သစ္စာ ရှိနေပါ့မယ် ။
- 24 Roses
တစ်နေ့လုံးလုံး မင်းအကြောင်းစဉ်းစားတာ ရပ်တန့်လို့ မရဘူးကွာ ။
- 33 Roses
မင်းကို ချစ်နေမိပြီ ။
- 36 Roses
ချစ်ခြင်းမေတ္တာ နူးညံ့မှု တစ်စုံတစ်ရာတွေ့တိုင်း မင်းကိုသတိရတယ်ကွာ ။
- 40 Roses
မင်းအတွက်ငါ့အချစ်စစ်တွေပါ ။
- 50 Roses
အဆုံးအစ မရှိ ငါ့အချစ် ။
- 99 Roses
ငါအသက်ရှင်နေသမျှကာလပတ်လုံးချစ်မယ် ။
- 100 Roses
အသက်အရွယ်အိုမင်းတဲ့အချိန်အထိ လိုက်ဖက်ညီတဲ့ နားလည်မှု ။ပေးဆပ်မှုတွေနဲ့ချစ်မယ် ။
- 101 Roses
မင်းဟာငါ့အတွက် တစ်ဦးတည်းသောချစ်သူပါဘဲ ။
- 108 Roses
ငါ့ကိုလက်ထပ်ပါကွာ ။
- 365 Roses
နေ့စဉ်နေ့တိုင်း မင်းအကြောင်းစဉ်းစားတာ ရပ်တန့်လို့မရဘူးကွာ ။
- 999 Roses
ဘယ်တော့မှ မကုန်ဆုံးမယ့်အချစ်နဲ့ ချစ်တယ် ။


အားလုံးဘဲ ချစ်တတ်ခြင်းတွေနဲ့ ပျော်ရွှင်နိုင်ကြပါစေရှင် ။

နှင်းဆီသံစဉ်