Sunday, November 28, 2010

တိတ်တခိုး

ချစ် သူ .....

ချစ်တယ်လေ ရင်ထဲကပေါ့ ....
မင်းသိစေဖို့ မရည်ရွယ်ပါဘူး........


ချစ်သူ
မြတ်နိုးနေမိတယ် တစ်ဖက်သတ်ပေါ့....
မင်း မြင်တတ်ဖို့ မလိုပါဘူး.......

ချစ်သူ
တမ်းတမိတယ် မင်းအပြုံးလေးကို
ခဏခဏ ပြုံးပြပေးဖို့မလိုပါဘူး .......

ချစ်သူ
ဖြည့်ဆည်းချင်တယ် လိုအပ်သမျှပေါ့
မင်းတုံ့ပြန်ဖို့ မလိုပါဘူး..........

ချစ်သူ .....

ချစ်တယ်လေ.........ရင်ထဲကပေါ့...
ဖွင့်ဟပြဖို့ မရည်ရွယ်ဘူးးးးးးးးးးးးးးး.........

ချစ်သူ..............ချစ်နေဦးမယ်
တစ်သက်လုံးပေါ့..............
ငါ့နှလုံးခုန်သံ ရပ်တန့်သွားသည်အထိ ။

နှင်းဆီသံစဉ်

No comments:

Post a Comment