Sunday, November 28, 2010

သတိရခြင်း

သတိရခြင်းတဲ့
ငါမယုံစားခဲ့သလောက်
တော်တော်အဆိပ်ပြင်းတယ်........

ချစ်တတ်ခြင်းတဲ့

ငါမထင်ထားသလောက်
တော်တော့်ကို ရိုက်ခတ်လွန်းတယ် ။

လွမ်းဆွတ်ခြင်းတဲ့

ငါမတွေးထားတတ်သလောက်
တော်တော့်ကို ဆွေးမြေ့စေတယ်..

မျှော်လင့်ရင်ရူးမယ်တဲ့

မရူးချင်လို့ မမျှော်လင့်ဘူးပေါ့ကွာ

ဒါပေမယ့်ချစ်တတ်ခြင်းတွေ

ငါ့ရင်ကို ရောက်လာတာတော့
ငါမတားနိုင်ဘူးလေ ။

ဒီတော့ ချစ်တတ်ခြင်းရဲ့အကျိုးဆက်

ငါ ဆက်လက်.....မလိုချင်လဲ ရရှိ

ငါ မူးမေ့တဲ့အထိ။

...............သတိရတယ်ကွယ်.......

နှင်းဆီသံစဉ်

No comments:

Post a Comment