Friday, February 25, 2011

ရှားရောင်လေး ပုံပြင်........

ငါမနေ့က ကျောင်းမတက်တာလား.........ဘာမှ မဟုတ်ပါဘူးဟာ......
 
ဟမ် နင်ကလည်း ဟယ် လာမေးနေပြန်ပြီ ......ငါရှက်ပါတယ်ဆို ......မပြောချင်ပါဘူးဆို ပြောရဦးမယ် ........ဒီလိုဟေ့ .....ဒီလို.......
 
နင်သိတဲ့အတိုင်းလေ.ငါက ကောင်လေးတွေဆို ချောမှ.....အရပ်ရှည်မှ ...ယောက်ျားပီသမှ ကြိုက်တတ်တာလေ..ဒါလား ဟုတ်ပါတယ် မထူးဆန်းပါဘူး
နင်ကလည်း ခဏလေးနားထောင်ပါဦးဟ......
 
မနေ့က ငါကျောင်းလာတုန်းကပေါ့.....နင်သိတဲ့အတိုင်း ကားကလည်းစောင့်ရတာ အကြာကြီး......မနက်ထဲကစောင့်နေလိုက်တာ တော်တော်ကြာမှ လာတာ.... အိုကေ..ကားလာတော့ တိုးတက်.....နေရာယူဖို့ရှာ.....ကားကအကြာကြီးစီးရမှာဆိုပြီး ရှာတာပေါ့ဟာ......
ကားအရှေ့မှာ နေရာလေးတစ်ခုတွေ့တယ် ......ဒါပေမယ့်ဘေးမှာ ကုလားကြီးတစ်ယောက်ထိုင်နေတယ်......ငါကမကြီးကျယ်လေ ......မထိုင်ရရင်နေ .....ကုလားကြီးနဲ့တော့ မထိုင်ဘူးကွ.....ထိုင်စရာ နေရာထပ်ရှာတော့ မရှိတော့ဘူး.........
ဒါနဲ့ မတ်တပ်ရပ်ဖို့ နေရာရှာရတာပေါ့......အလယ်နားက ချောင်တယ်...သွားရပ်ဖို့ကြည့်တော့ အရက်သမား ၂ ယောက် အနားမှာရှိတယ်.......
အို....တော်ကြာ ထောက်လှမ်းရေးနဲ့ တိုးမယ်....မရပ်တော့ဘူး...ဒါနဲ့ထပ်ရှာတယ်......
 
အိုး.....ချောလိုက်တာဟာ...တကယ်.......တကယ်..........သန့်နေတာဘဲ.....ငါစိတ်ကူးထဲက အတိုင်းလေးဟ.........T -Shirt နဲ့ ရှားရောင် ပုဆိုးနဲ့ ရှားရောင် ကတ်တီပါ ဖိနပ်နဲ့........တည်တည်လေးဟ.......
 
သူ့နေရာက နည်းနည်းလူများနေပြီ......ဒါပေမယ့်...ငမ်းကြောထတာလေ .အဲသည့်နားမှာကို သွားရပ်တာ.......သူ့ဘေးလေးမှာပေါ့........အရပ်ချင်းကြိတ်တိုင်းလိုက်.......ဘေးကခိုးကြည့်လိုက်နဲ့.......သူနဲ့ခပ်ခွာခွာလေးရပ်ရင်းပေါ့.........
 
အဲသည့် မှာစတာပဲ.......သူကငါ့ကိုစောင်းငဲ့ကြည့်လိုက်တယ်.........ပြီးတော့ပြုံးပြတယ်........ငါကလဲ ကြောင်တောင်တောင်ပေါ့ဟာ....
ပြီးတော့မှ......ညီမ ...ဒီနားလာ.....အဲသည့်နားက လူတိုးမယ်တဲ့.......အိုး အသံလေးကလဲ ချိုမှချို....ဟယ်......
 
ဘယ်ရမလဲ သူ့နားသွားရပ်တာပေါ့.......ပြီးတော့ အပြင်ကို ငေးရင်း လိုက်လာလိုက်တာ........ကားကလှုပ်ရင်း....မောင်းရင်း...သွားရင်းနဲ့.......ငါ့ခါးနားက ဓါတ်လိုက်သလို ပူခနဲဖြစ်သွားတယ်........ဒီတော့မှ ကားထဲကို ပြန်သတိထားမိတော့......ငါ့နောက်မှာ အကိုကြီးကရပ်လို့....နှာဘူးထနေတာလေ....အမလေး......ငါလေ ရှက်လိုက်တာ......ရှက်လိုက်တာ......ငိုချင်လာလိုက်တာ.....ဒီရှားရောင် အကိုကြီးကလေ.......မျက်လုံးကြီးမှိတ်လို့........ပုံပျက်ပန်းပျက်နဲ့......... အိုး။ ဒီလိုၾကီးလား ......ရွင္ကဒီၤလိုၾကီးလား...
 
ဆင်းမှ ......ဆင်းမှ........အိုး.....ငါရွေ့လို့လည်းမရဘူး......ဘယ်လိုလုပ်ရမှန်းလည်း မသိဘူး......ကဲ..မတတ်နိုင်တော့ဘူးကွာ.......ရက်စက်တတ်တယ်လို့တော့ မပြောပါနဲ့ ရှားရောင်လေးရယ်.......
 
ကဲ.........ဟာ......
 
အမလေး........အမေကြီးရေ...........
 
သူ့အော်သံကြီးနားထဲမှာ ကြားသေးတယ်ဟ.... လူတွေက ၀ိုင်းကြည့်.......သူကမျက်ရည်တွေဝိုင်း........ငါလည်း ရှင်းမပြတော့ဘူး......ငါ့အမှတ်အသားလေးကိုတွေ့ရင် သူတို့သိမှာပါဟ........
 
ငါတစ်ခါတည်း ကားပေါ်က ဆင်းချလာပြီး ပြန်လာတော့တာပေါ့ဟာ.........
 
အော်.....ငါနင့်ကို တောင်းပန်တယ်နော်........နင်ငါ့ကို လက်ဆောင်ဝယ်ပေးတဲ့....ဟို ပန့်စတိုင် ဂျိတ်ကြီးလေ.....ငါ့ကိုပြန်ဝယ်ပေးဦးနော်........
အဲဒီ့နေ့က နင့်ကို သတိတရ နဲ့ ငါ ပန့်စတိုင်လေး ၀တ်သွားဖြစ်လို့ပါ.......
 
 
နှင်းဆီသံစဉ်
16/09/2009
ညနေ 5း50
 

နှင်းဆီသံစဉ် နှင့် တလွဲမာနလေးများ

ဒီလို အကြောင်းအရာလေးတွေကို ရေးတင်ဖို့ သံစဉ် တော်တော်လေးကို စဉ်းစားခဲ့ရပါတယ် ။နောက်ဆုံးတော့ လူတစ်ယောက်ရဲ့ အမှားက အခြားသူတစ်ယောက်အတွက် သင်ခန်းစာ ဖြစ်နိုင်ပါတယ်ဆိုတဲ့ အတွေးနဲ့ သံစဉ့်ရဲ့ ကိုယ်တွေ့လေးတွေကို သူငယ်ချင်းတွေကို မျှဝေတာပါ ။ သူငယ်ချင်းတွေကလည်း အမှားလေးတွေကို သင်ခန်းစာယူနိုင်ပါစေလို့ သံစဉ်ရည်ရွယ်ပါတယ် ။

အရင်ဆုံးသံစဉ့်အကြောင်းစပြောပါရစေ ။ သံစဉ်ဟာ စင်္ကာပူနိုင်ငံရဲ့ စင်္ကာပူသူဌေးတစ်ယောက်ရဲ့လက်အောက်မှာ ကောင်စစ်ဝန် ( Senior Employment Counsellor) ဆိုတဲ့ ရာထူးနဲ့ အလုပ်လုပ်ပါတယ် ။

သူဌေး company က နိုင်ငံပေါင်းစုံက သူတွေကို အလုပ်ရှာပေးတဲ့ Company ပါ။ မလေး ။ အင်ဒိုနီးရှား ။ ဖိလစ်ပိုင်။ မြန်မာ ။ တရုတ် ။ ကုလား ။ ဂျပန် ။ ထိုင်း ။ စတဲ့စတဲ့ နိုင်ငံပေါင်းစုံကို အလုပ်သမားရှာပေးတဲ့ အလုပ်ကို လုပ်ပါတယ် ။

ဒီအလုပ်ကိုစလုပ်တော့ သံစဉ် ကိုယ့်ကိုကိုယ် ဘာလုပ်ရမှန်း (ကိုယ့်တာဝန်ကဘာမှန်း ) မသိပါဘူး ။ သံစဉ့်ဌာနမှာ သံစဉ့်အထက်က မန်နေဂျာ ။ စာရင်းကိုင် ။ စာရင်းစစ် ။ စာရေး ။ သင်တန်းနည်းပြ ။ စတဲ့စတဲ့ သူတွေက သူ့အလုပ်ကိုယ်စီသူတို့လုပ်ကြတယ် ။

သံစဉ် စဉ်းစားတယ် ငါ့အလုပ်ကဘာလဲ လို့ ။ တော်တော်နဲ့မသိခဲ့ဘဲ ၁ လလောက် ဟိုယောင်ယောင် ။ဒီယောင်ယောင်နဲ့ company မှာ နေခဲ့ပါတယ် ။

နေ့တိုင်းတွေ့ရတဲ့ ပြသနာတွေ ရှင်းပေးဖို့နေနေသာသာ ဘေးကနေ ရင်သတ်စိတ်မော နေခဲ့ရပါတယ် ။

တလွဲမာနနဲ့သံစဉ်  ။

အရင်ဆုံးသံစဉ် စရှင်းရတာ ဖိလစ်ပိုင် အမျိုးသမီးအလုပ်သမား ။ အလုပ်လုပ်ရင်းအရက်တွေသောက်တဲ့ အမှုပါ ။ အလုပ်ရှင်က အရမ်းတွေစိတ်ဆိုးပြီး သံစဉ်တို့ကို လာအော်တော့ပါတယ် ။

အိမ်အကူ ဆိုတဲ့ ရာထူးနဲ့လာလုပ်တဲက ဖိလစ်ပိုင်မက အိမ်ရှင်တွေ အလှပြထားတဲ့ ၀ိုင်ပုလင်းတွေကို အကုန်ုယူသောက်တဲ့ အမှုပါ ။ အိမ်ရှင်တွေက မသောက်ရက်လို့ နှစ်ချို့ခံပြီး သိမ်းထားပါတယ် ။ သူ့ရဲ့အဓိကအလုပ်က ၆ လသားကောင်မလေးကို ထိန်းရတဲ့ အလုပ်ပါ ။ အဲဒါကို ကလေးထိန်းရင်း ၀ိုင်တွေအကုန်သောက်ရင်း လုပ်ရင်းလုပ်တာပါ ။ အိမ်ရှင်တွေက ၂၅ လွှာမှာနေတာပါ ။

သူတို့တကယ်စိတ်ဆိုးပြီး ဖိလစ်ပိုင်မရယ် ။ အရင်ပုလင်းတွေရယ် ။ အ၀တ်ထုပ်တွေရယ် ယူချလာပြီး သံစဉ်တို့ဆီကို ဒေါသတကြီးနဲ့ အော်ဟစ်ပါတော့တယ် ။

စားပွဲခုံကို တဗြန်းဗြန်းချပြီး အော်ဟစ်နေတဲ့ ဒီအလုပ်ရှင်။ ဘာမှမေးလို့မရဘဲ ငိုနေတဲ့ အလုပ်သမား ။ ဘာပြောလို့ ဘာပြောရမှန်းမသိဘဲ ကြောင်ကြည့်နေတဲ့သံစဉ် ။ အချိန်တော်တော်ကြာသွားပါတယ် ။

သူဌေးကလည်း လုံးဝမရှင်းပေးပါဘူး ။ သံစဉ့်ကိုဘယ်လိုရှင်းမလဲ ထိုင်ကြည့်နေပါတယ် ။

ပထမသံစဉ် ကြည့်နေပါတယ် ။ သူပြောတာတွေကို နားထောင်နေပြီး ဘယ်လိုလုပ်ရမလဲ စဉ်းစားလိုက် ။ အဖြေမပေးနိုင်တဲ့ အလုပ်သမားကို ကြည့်လိုက်နဲ့ ။ငိုချင်လာပါတယ် ။

အဲသည့်အချိန်မှာ တခြားလူမျိုးခြားဝန်ထမ်းတစ်ယောက်ရဲ့ သရော်ဟန်ဟန် အပြုံးကို သံစဉ်တွေ့လိုက်ရပါတယ် ။
နင် ဒီရာထူးကိုယူပြီး နင်ဘာလုပ်နိုင်လဲဆိုတဲ့ အပြုံးပါ ။

ဒီအိမ်ရှင် ငါ့ကိုအော်ပြောစရာ ဘာမှမရှိဘူးဆိုတဲ့ အတွေး ။ ငါဟာ ဒီမှာ ပညာရှင်လုပ်နေတယ်ဆိုတဲ့မာန ။ ချက်ချင်း ဒေါသတွေထွက်လာပြီး သံစဉ့်အရှေ့က စားပွဲကို အကျယ်ကြီး ၀ုန်းခနဲ ရိုက်ချပစ်လိုက်မိပါတယ် ။
အကုန်လုံးတိတ် ။ သံစဉ့်ကို ၀ိုင်းကြည့် ။ ပြီးတော့ သံစဉ်ပြောလိုက်တယ် ။

ငါတို့က နင့်ကို အလုပ်သမားရှာပေးတာ။ လူတစ်ယောက်ချင်းဆီရဲ့ အကျင့်ကို ငါတို့လိုက်မကြည့်ပေးနိုင်ဘူး ။ သူအရက်သောက်တတ်တာငါမသိဘူး ။ သူခိုးယူတတ်တာ ငါနဲ့မဆိုင်ဘူး ။ ဒါ ငါ့လူမျိုးလည်းမဟုတ်ဘူး ။ ငါ့လူမျိုးမှာလည်းဒါမျိုးမရှိဘူး ။ နင်မကျေနပ်ရင် နင်အလုပ်သမားခေါ်ထားတဲ့ ပိုက်ဆံငါပြန်ပေးမယ် ။နင်ငါ့ကို လာအော်နေစရာမလိုဘူး ။ အခု နင်ဒီစာရွက်မှာ လက်မှတ်ထိုးသွား ။ တစ်လအတွင်း နင့်ပိုက်ဆံ ပြန်အမ်းပေးမယ် ။

ဆိုပြီး အော်ချလိုက်ပါတယ် ။

အိမ်ရှင်က အရမ်းဒေါသထွက်ပြီး
" နင် အရမ်းရိုင်းတယ် ။ အေး ငါ့ပိုက်ဆံ ပြန်မအမ်းရင် နင့်ကို တရားဆွဲမယ် ။
 နင့်ဆီကလည်း ဘယ်တော့မှ အလုပ်သမား မယူတော့ဘူးဆိုပြီး ထွက်သွားပါတယ် ။ "

တရုံးလုံးလည်း တိတ်ဆိတ်လို့ ။ ငိုနေတဲ့သူလည်းတိတ်လို့ ။ သူဌေးလည်း ပြုံးလို့ ။

သံစဉ်ကတော့ငါရှင်းနိုင်သွားပြီဆိုပြီး ခုံမှာအေးအေးထိုင်ပြီး မျက်နှာမော်မော်နဲ့လေ ။ အလုပ်သမားကို နေရာချ ပြီး ကိုယ့်ဟာကိုယ် ထိုင်နေလိုက်ပါတယ် ( ငါ အလုပ် အကြီးကြီးလုပ်နိုင်ပြီဆိုပြီးပေါ့လေ ) ....

ညနေ Meeting ရောက်တော့ သူဌေးဆီက အိမ်ရှင်ကို လျှော်မယ်လို့ပြောခဲ့တာ မင်းဟာမင်းလျော်ပါ  ဆိုတဲ့ အမိန့်ထွက်လာတော့မှဘဲ ..........သံစဉ့်ရဲ့ တလွဲမာနတွေ ပြာကျကုန်ပါတယ် ။

 ကောင်စစ်ဝန် တစ်ယောက်ဟာ ဘယ်အရာမဆို ဒေါသမထွက်ဘဲ အေးအေးဆေးဆေးနဲ့ လူတွေလက်ခံနိုင်အောင်ပြောရမယ် ။
 အခု ပြသနာမှာ အရက်သောက်တဲ့ အလုပ်သမားကို အိမ်ရှင်ကျေနပ်အောင် တောင်းပန်ခိုင်းတတ်ရမယ် ။
သူ့အတွက် warning ပေးပြီး အိမ်ရှင်ကို ဒီတစ်ခါ ခွင့်လွှတ်ပေးပြီး ပြန်ခေါ်အောင် ပြောတတ်ရမယ် ။
နောင်တစ်ခါ အလားတူ အဖြစ်အပျက်မျိုးဖြစ်ရင် အလုပ်သမား အသစ် ချက်ချင်းလဲပေးပါမယ်ဆိုတဲ့ ၀န်ဆောင်မှု စကားကို ပြုံးပြုံးလေး သံစဉ် ပြောနိုင်ခဲ့မယ်ဆိုရင် သံစဉ် မဆုံးရှုံးနိုင်ပါဘူး ) ........
ဒါနောက်မှ အလုပ်က သင်လာတဲ့ အသိလေးပါ ။) ..


သံစဉ်ဟာ ဒီလို တလွဲမာနတွေနဲ့ တလွဲတွေလုပ်တတ်တဲ့ အကြောင်းလေးတွေကို ဆက်ရေးပေးသွားပါမယ် ။

သူငယ်ချင်းတို့ သံစဉ့်ရဲ့အလွဲလေးတွေထဲကနေ အမှန်တစ်ခု ယူနိုင်ဖိုရည်ရွယ်ပါတယ် ။


ထာဝရ ချစ်ခြင်းတွေနဲ့ ပျော်ရွှင်နိုင်ပါစေ ။
နှင်းဆီသံစဉ်

နှင်းဆီသံစဉ် နှင့် တလွဲမာန (၁)

ဒီတစ်ခါတော့နှင်းဆီသံစဉ်ရဲ့တလွဲမာနလေးတွေထဲကအခုချိန်ထိသံစဉ်မမှားဘူးဆိုတဲ့

မာနလေးနဲ့ရင်ထဲမှာရှိနေတဲ့ အကြောင်းအရာလေးတစ်ခု ကို သူငယ်ချင်းတွေကို ပြောပြချင်ပါတယ် ။



နှင်းဆီသံစဉ်နှင့် တလွဲမာန (1)

မှတ်မှတ်ရရ သံစဉ့်ရဲ့မွေးနေ့ပါ ။ ရုံးကသူငယ်ချင်းတွေနဲ့ စားပွဲလေးလုပ်နေတုန်းဖုန်းဆက်လာတာပါ ။ ရုံးချိန်ကလည်းပြီးပါပြီ ။



အလုပ်ရှင်တစ်ယောက်ကသံစဉ့်ကိုဖုန်းဆက်ပြီးလေယာဉ်လက်မှတ်ဝယ်ခိုင်းပါတယ် ။

သူ့အလုပ်သမားကောင်မလေးအတွက်ပါ ။ အမြန်ဆုံးနဲ့ရအောင်ဝယ်ပေးပါ ။ အလုပ်သမားကဒ်ကို cancel လုပ်ပေးပါ။ ဆိုပြီး တောင်းဆိုလာပါတယ်

ဒါပေမယ့်အလုပ်ရှင်ကအဲလိုကြီးခိုင်းလာတော့သံစဉ်စိတ်ထဲမှာ

တစ်မျိုးဖြစ်သွားပါတယ်။ငါ့မွေးနေ့ပါလားဆိုတာလည်းမေ့ပြီး။

ဘာဖြစ်တာလဲဆိုပြီး မေးလိုက်ပါတယ် ။

ဒါနဲ့သူကသူ့အလုပ်သမားကောင်မလေးမှာ

ကိုယ်ဝန်သုံးလရှိနေလို့ပါတဲ့။သူသေချာဆေး(၂)ခါစစ်ပြီးပါပြီတဲ့အဲဒါသူကြောက်လို့ပါတဲ့ ။

သံစဉ်က သူ့နာမည်ကိုမေးလိုက်တော့ သူ့အိမ်ကကောင်မလေးက မြန်မာမလေးပါ ။အဲဒါနဲ့ အရမ်းစိတ်ပူပြီး(မျိုးချစ်စိတ်အပြည့်နဲ့ပေါ့လေ)

ငါအခုချက်ချင်းလာခဲ့မယ်ဆိုပြီး ပြောလိုက်ပါတယ် ။

အလုပ်ရှင်ကမလာပါနဲ့ရုံးချိန်ပြင်ပကြီးဆိုတော့အားနာပါတယ် လေယာဉ်လက်မှတ်လေးဘဲစီစဉ်ပေးပါတဲ့။

သံစဉ်ကလည်းအရမ်းစိတ်ပူပြီးရုံးကိုပြန် ။ သူတို့ရဲ့ဖိုင်ကိုရှာဖတ်တော့ အလုပ်ရှင်ဆီမှာက သားသုံးယောက် (အကုန် အရွယ်ကောင်းလေးတွေ ) ။

ဒါနဲ့သေချာပြီ။ဒင်းတို့သုံးယောက်ထဲကပဲနေမှာဆိုပြီးသူတို့အိမ်ကိုမိုးချုပ်ကြီးတစ်ယောက်ထဲ လိုက်ချသွားပါတယ် ။

သူတို့အိမ်ရောက်တော့အိမ်ရှင်ကဧည့်ခန်းမှာနေရာချပေးပြီး။သူမမှာကိုယ်ဝန်ရှိတဲ့။

အကြောင်းမပြောရသေးပါဘူး။ဒီမှာဆေးစစ်စာရွက်ဆိုပြီးလာပါတယ်သံစဉ်လည်းသေချာကြည့်ပြီးတော့ ကောင်မလေးကို ခေါ်ထုတ်လိုက်ပါတယ် ။

သံစဉ်ကလည်း ကောင်မလေးကို လေပြေလေးနဲ့ ညီမလေး မင်းမှာ ရည်းစားရှိလား ဆိုပြီးမေးလိုက်ပါတယ် ။

ကောင်မလေးက

အမရယ်ဒီမှာလုပ်နေတာ(၃)နှစ်ရှိပြီ။အပြင်တောင်တစ်ခါမှတစ်ယောက်ထဲမထွက်ရတာဘယ်လိုလုပ် ရည်းစားရှိမှာလဲ တဲ့။

ဒါဆို ….ဒီအိမ်ကကောင်လေးတွေက မင်းကို သရိုးသရီ (မရိုးမသား ) လုပ်တာရှိလား လို့မေးတော့ ။ စကားတောင် လာမပြောကြဘူးတဲ့ ။

ဒါနဲ့ မင်းဘယ်မှာအိပ်ရသလဲဆိုတော့ တစ်ယောက်ခန်းထဲမှာတဲ့ ။ သူမကို သေချာမေးပါတယ် ။ သူမကလဲ သွေးအေးအေးနဲ့ သေချာဖြေပါတယ် ။

အိမ်ရှင်ကိုမေးတော့အိမ်ရှင်ကသူမဟာတစ်ယောက်ထဲအပြင်ကို ဘယ်တော့မှပေးမထွက်ခဲ့ရပါဘူးတဲ့လေ ။

သံစဉ် ဦးနှောက်တော်တော်စားသွားပါတယ် ။

ဒါနဲ့ အပြင်တစ်ခါမှ မထွက်တဲ့ ကောင်မလေးရဲ့ တရားခံဟာ အိမ်ထဲမှာဘဲဖြစ်မယ် ။

ကောင်မလေးကကြောက်လို့မပြောရဲတာနေမှာ။ဆိုတဲ့တလွဲအတွေးတွေ စလာပါတယ် ။

ပြီးတော့ငါ့မြန်မာလူမျိုးကို ဒီလိုလာလုပ်လို့ဘယ်ရမလဲဆိုတဲ့ မာနတွေနဲ့ငါဘာလဲဆိုတာသူတို့ကို ပြရမယ်ဆိုပြီး

မျက်နှာကိုတည်ပြီး ။သူတို့ကို

“အိုကေဒါဟာဒီအိမ်မှာရှိတဲ့ယောကျာ်းတစ်ယောက်ယောက်ရဲ့တာဝန်ဘဲနေမှာ။

နင်တို့ဒီလိုမျက်နှာလွှဲခဲပစ်လုပ်လို့တော့မရဘူး ။သေချာတာဝန်ယူရမယ် ။

ဒီနိုင်ငံက ဘယ်အရာမဆို Law By Law ရှိတာ ။

မုဒိန်းမှုဆိုရင် သေဒဏ် ဆိုတာ သိရမယ် “ လို့ ဆိုပြီးပြောလိုက်တော့။

အိမ်ရှင်မိန်းမကြီးက။Miss Roseရယ်ငါ့ယောကျာ်း။ငါ့သားတွေက ဒီလိုမရှိတာငါအာမခံပါတယ်တဲ့ ။ ပီးတော့ငါတို့တွေကဒီအမှုမျိုးကိုလည်းကြောက်ပါတယ်။ဘယ်သူမှဒီလိုမလုပ်ရဲကြပါဘူးတဲ့ ။ငါလည်းဘာလုပ်ရမှန်းမသိလို့ သူ့ကိုပြန်ပို့ဖို့သာ ကူညီပေးပါ ။ ဆိုပြီးတောင်းပန်ပါတယ်…….

ဒီတော့မတလွဲသံစဉ်ရဲ့သံသယတွေကပိုကြီး ။

ငါမှန်တယ်ဆိုတဲ့ အတွေးတွေနဲ့ ရဲစခန်းကို ကောင်မလေးကို ခေါ်သွားပြီး အမှုဖွင့်လိုက်ပါတယ်။

(လမ်းမှာလည်းကောင်မလေးကိုသချာမေးပါတယ်။ ရည်းစားရှိလားလို့။ညီမမှာဗိုက်ကြီးနေပြီ။ ညီမအလုပ်ဆက်လုပ်လို့မရတော့ဘူးလို့။)မေးတော့

သေသေချာချာ

သူကတောင်အမရယ်ကျွန်မမြန်မာမိန်းကလေးပါ။ဒီလောက်ရှက်စရာ မလုပ်ပါဘူးတဲ့။)

ဒါကြောင့်သံစဉ့်အတွေးကသူမအိပ်နေတုန်းအိမ်ထဲကတစ်ယောက်ယောက်က အနိုင်ကျင့်လိုက်တာ့ဖြစ်မယ်လို့တွေးပြီး သေသေချာချာကို အမှုဖွင့်လိုက်ပါတယ် ။

ရဲကတညလုံးစစ်ပါတယ် ။ သံစဉ် ကဘာသာပြန်ပေါ့လေ ။

မေးရင်းမေးရင်းနဲ့မှသူမကသူမအလိုမတူဘဲအနိုင်ကျင့်ခံရပါတယ်တဲ့။

အိမ်ကခြံကိုပေါင်းသင်နေတုန်းအပြင်ကကုလားတစ်ယောက်ကခြံထဲကိုကျော်ဝင်လာပြီးသူ့ကို ခြုံပုတ်ထဲခေါ်ပြီး အနိုင်ကျင့်တာပါတဲ့ ။

ဒီတော့အမှုက ပိုကြီးသွားပါတယ် ။ စင်္ကာပူမှာ ဒီလိုမျိုးလုပ်လို့မရပါဘူး ။ ဒါနဲ့ စစ်နေတဲ့ရဲ ကထွက်လာပြီး Miss Rose ……ဒီကောင်မလေး လိမ်နေပါပြီ တဲ့ ။သူ့မှာရည်းစားရှိပြီး မှားတာဖြစ်မှာပါတဲ့ ။

ဒါနဲ့သံစဉ်ကမြန်မာလိုညီမမင်းရည်းစားနဲ့မှားခဲ့တာဆိုရင်အမကိုဝန်ခံပါ ။ အမရှေ့ဆက်ပြီးအမှုမလုပ်တော့ဘူး။ညီမကိုပြန်ဖို့စီစဉ်ပေးပါ့မယ် လို့ကောင်းကောင်းမွန်မွန်လေး မေးပါတယ် ။

ဒါပေမယ့်သူမကမဟုတ်ပါဘူးလို့ဘဲပြောပါတယ်။မဟုတ်ပါဘူးဘဲဆိုတော့သံစဉ်က ရဲကိုရှေ့ဆက်မေးဖို့ဘဲပြောလိုက်ပါတယ်။ရဲကအိမ်ရှင်ကိုလည်းစစ်ပါတယ်။ သားတွေကိုလည်းစစ်ပါတယ် ။

မုဒိန်းကျင့်ခံရတယ်ဆိုတဲ့ကောင်မလေးကိုကျင့်နည်းအဆင့်ဆင့်ကိုမေးပါတယ်။တကယ့်ကိုအသေးစိတ်မေးတာပါ။ဘာသာပြန်ပေးတဲ့သံစဉ်တောင်ဘာသာပြန်ရင်း ရှက်လွန်းလို့ မပြန်ရဲတော့တဲ့အထိပါ ။

နောက်ဆုံး Senior Officer ကိုယ်တိုင်စစ်မှဘဲ အဖြေမှန်ကပေါ်ပါတော့တယ် ။

သူမကခြံထဲမှာသန့်ရှင်းရေးလုပ်ရင်းအပြင်ကသန့်ရှင်းရေးကုလားနဲ့သိသွားပါတယ်။ဒါနဲ့ နောက်တော့အဲသည့်ကုလားနဲ့ရည်ငံသွားပါတယ်။အဲသည့်ကုလားကSundayအိမ်ရှင်တွေ ဘုရားကျောင်းသွားတဲ့အချိန်တိုင်း(အပတ်တိုင်း)ခြံထဲကိုဝင်ပြီးသူမနဲ့အိပ်ကြပါတယ်။

(၂) နှစ်လောက်တောင်ရှိပါပြီ။ သူမ လိုချင်တာတွေဝယ်ပေးတတ်ပါတယ် ။

ဒီလိုနဲ့သူမကကုလားကိုစနောက်ပြီးသူမမှာကလေးရှိပြီလို့ပြောလိုက်တဲ့နေ့ကစပြီး အဲသည့်ကုလားကိုမတွေ့ရတော့တာပါ။သူမကတော့နောက်တာဖြစ်ပေမယ့် သူမမှာတကယ်ကလေးရှိသွားတာပါ ။

ကုလားရဲ့နာမည်ကိုလည်း သူမအပြည့်အစုံမသိပါဘူး ။ ဖုန်းနံပါတ်ကလည်းပြောင်းသွားပါတယ် ။

ဒါနဲ့ရဲကလူပုံပန်း၊အလုပ်အကိုင်နဲ့စစ်တော့အဲသည့်ကုလားရဲ့Companyကိုသိရပါတယ်။ သွားစုံစမ်းတော့ အဲသည့်ကုလားက ပြန်သွားပါပြီ ။

ဒါနဲ့အဲသည့်အမှုက(၄)ရက်အတွင်းပြီးသွားပါတယ်။ သူမကို ပြန်ဖို့လုပ်ပေးဖို့ဘဲ ရဲကပြောခဲ့ပါတယ် ။

အိမ်ရှင်ဆိုတာကလည်း သံစဉ့်ကို ပြောသွားပါတယ်

မင်းတို့မြန်မာမိန်းကလေးတွေက ကိုယ်သေချာမသိတဲ့လူတစ်ယောက်ကို ပေးအိပ်ဖို့လွယ်တယ်နော် တဲ့ ။

နောင်ဆို အလုပ်သမားခေါ်ရင် မြန်မာဆိုမခေါ်တော့ဘူးတဲ့ ။

အရမ်းရှက်သွားပါတယ် ။ အရမ်းကို သိမ်ငယ်သွားခဲ့ပါတယ် ။ ဒါပေမယ့်သံစဉ် ခေါင်းငုံ့ခံခဲ့ရပါတယ် ။

ပြီးတော့ကောင်မလေးကို လေယာဉ်လက်မှတ် ၀ယ်ပေးပြီး ပြန်လွှတ်လိုက်ပါတယ် ။

ကဲ…….တလွဲမသံစဉ်ဘာများဆက်ပြောရမှာလဲ။(သူမကတော့သူမအိမ်မက်တွေနဲ့ဟုတ်နေတာလေ ။ ရှက်ရမှန်းလည်းမသိခဲ့ဘူး)သံစဉ်လည်း သူမကိုဘာစကားမှကို မပြောနိုင်အောင် စိတ်ဆိုးလွန်းလို့ ဘာမှကို မပြောခဲ့ဘူး ။

သံစဉ်ရှက်တာက သံစဉ်တို့မြန်မာမတွေကဒီလိုလားဆိုတာကိုပါ ။

မဟုတ်ပါဘူး……..မဟုတ်ပါဘူး….ဆိုတာရင်ထဲအခါခါအော်ဟစ်နေမိလည်းးပြောခွင့်မရှိတဲ့အချိန်လေး။အမြဲတမ်းငါမြန်မာဆိုတာကြွေးကြော်နေတဲ့သံစဉ် ဒီတစ်ခါမှာမပြောနိုင်ခဲ့ပါဘူး ။

တချက်တောင်မငိုခဲ့တဲ့ကောင်မလေးကို လေဆိပ်ရောက်မှ မနေနိုင်လွန်းလို့ ….

သံစဉ် သူ့ကိုတစ်ခွန်းတော့ပြန်ပြောခဲ့ပါတယ်

သံစဉ်တို့ကကိုယ့်နိုင်ငံမှာဆိုရင်သံစဉ်တို့ကိုယ်ပိုင်နာမည်တွေရှိပါတယ်။

ကိုယ့်နိုင်ငံကနေသူများနိုင်ငံဆီရောက်ပြီဆိုရင်လူတိုင်းက သံစဉ်တို့ကိုနာမည်မခေါ်တော့ပါဘူး

မြန်မာဆိုပြီးတော့ဘဲခေါ်တော့တာပါ။

ဒါကြောင့်သူများနိင်ငံရောက်လို့မဟုတ်တာတစ်ခုခုလုပ်တော့မယ်ဆိုရင်ငါဆိုတာနဲ့မကြည့်ဘဲမြန်မာဆိုတာနဲ့ခံစားပြီးကိုယ့်လူမျိုးနာမည်

ကိုကိုယ်တွေးပြီးစဉ်းစားပြီးလုပ်ပါလို့Counsellorပီသစွာနဲ့ ဘဲပြောလိုက်ပါတယ် ။

သူမကလည်းအပြုံးမပျက်ပြန်ပြောသွားတာပက“ဒါ အမတိုင်လို့ သူတို့သိရတာတဲ့ ။

အမကြောင့်ကျွန်မရဲစခန်းရောက်ရတာ။ဒီလိုကြီးအရှက်ကွဲရတာတဲ့။နို့မို့ဆို ကျွန်မအေးအေးဆေးဆေး ပြန်သွားရပြီးပြီတဲ့ ။

ဒါပေမယ့်ကျွန်မဒီကလေးကိုမွေးပြီးသူ့ကိုဆက်သွယ်မှာပါတဲ့။သူ့နိုင်ငံကလိပ်စာ ကျွန်မမှာရှိပါတယ်တဲ့။ကျွန်မကိုစိတ်မပူပါနဲ့တဲ့။တချိန်အမဆီကို သူနဲ့အတူတူလာလည်ပါဦးမယ်တဲ့။”

(သူမရဲ့ အိမ်မက်ကို ရဲရဲကြီးကိုယုံကြည်ပြီး ပြောသွားတာပါ )။

သံစဉ့်ရဲ့အလွဲမှားကြောင့်ရဲစခန်းမှာဝင့်ဝင့်ကြွားကြွားအရှက်ကွဲခဲ့ပေမယ့်သံစဉ်ကတော့ အခုထိသံစဉ်လုပ်တာမမှားဘူးလို့ဘဲယုံနေပါသေးတယ်။(သံစဉ် သူ့ကိုကာကွယ်ပေးချင်ခဲ့တာကိုး)..

ဒါပေမယ့်အဲသည့်ရဲစခန်းကိုရောက်တိုင်းSenior Police Officer ရဲ့ Miss Rose ... ဒီတစ်ခါရော မင်းဘက်ကလူကသေချာရဲ့လား ဆိုတဲ့ စနောက်တဲ့ မေးခွန်းကို အမြဲဖြေနေရတုန်းပါဘဲ………..

သူများနိုင်ငံကိုရောက်ရင်နင်တို့မြန်မာက "ဒီလိုဆိုတာကြီး" ကိုအပြောခံရအောင်မြန်မာတိုင်းကိုမနေစေချင်တာ

သံစဉ့်ရင်ထဲကလာတဲ့စကားလေးပါ။



ထာဝရ ချစ်ခြင်းတွေနဲ့ ပျော်ရွှင်နိုင်ပါစေ ။
နှင်းဆီသံစဉ်

Samuel Goldwyn - "I'm willing to admit that I may not always be right, but I am never wrong."

နှင်းဆီသံစဉ်: ခေတ်သစ်ဗေဒါ

နှင်းဆီသံစဉ်: ခေတ်သစ်ဗေဒါ

ခေတ်သစ်ဗေဒါ


ခေတ်သစ်ဗေဒါ….ငါဆိုတာ
ဘ၀ကို အံတု မာနတံခွန် တလူလူနဲ့…..
……..ရှေ့သို့ချီတက်…….
……….နောက်မဆုတ်တမ်း………

လူအမျိုးမျိုး စိတ်အထွေထွေ
အတင်းစကားများအောက်မှာ…….
အခြေမခိုင် ယိုင်လိုက်ဦးမလား …….

သွားစမ်းပါ……
ငါဆိုတာက ဗေဒါပျံ အံကိုခဲ
မလျော့စတမ်းနဲ့…..ပျံချီတက်လိုက်ဦးမယ်…….

ဘ၀ဆိုတာဘာလဲ
လူတိုင်းကိုပြောပြဖို့ ဒီလောက်တော့
ငါ ဥာဏ်မမှီသေးဘူး ။

ငါသိတာ ရိုးသားမှုကို အခြေခံ
ကြိုးစားမှုနဲ့မွန်းမံ
ချမ်းသာချင်မှ ချမ်းသာမယ်
ဒါပေမယ့် ငါ့နေ့ရက်တိုင်းကို
ရိုးသားစွာနဲ့ကျော်ဖြတ်နေတယ်…..

ဒီလိုနဲ့…..
နေ့ရက်မှဆီ လဆီသို့
နှစ်ပေါင်းများစွာ ငါကျော်ဖြတ်နေဆဲ………

ဘဲအုပ်တွေ လာစမ်းပလေ့
တရာမကလို့ ၁ ထောင်လာ….
ငါဆိုတာ ခေတ်သစ်ဗေဒါ……

မယိုင်မလဲနဲ့ ခိုင်မြဲမြဲ
ငါ့ဘ၀ကို ငါ
ရှေ့သို့ ချီတက်နေတယ်………….


နှင်းဆီသံစဉ်