( အနီရောင် နှင်းဆီ ) | ရိုးသားတည်ကြည်လေးစားသောအချစ် ။ မြဲမြံသော သစ္စာတရား ဖြင့် မင်းကို ငါချစ်တယ် ဟု ဆိုလိုချင်ပါက အနီရောင် နှင်းဆီကို ချစ်တဲ့သူထံပို့ပေးပါနော် ။ | ||||||||||||||||||||||||||||||||||||||||||||||||||
- (ပန်းရောင် နှင်းဆီ) | နူးညံ့သိမ်မွေ့စွာနဲ့ချိုမြိန်သော အချစ်လို့ ဖေါ်ထုတ်ချင်ရင်ဘဲဖြစ်ဖြစ် ။ တစ်စုံတစ်ယောက်ကို ကျေးဇူးတင်ပါတယ်ဆိုတာ ကို လှိုက်လှိုက်လှဲလှဲ ပြောချင်ရင်တော့ ပန်းနုရောင် နှင်းဆီပန်းလေးကိုပေးပြီး ဖေါ်ပြလို့ရပါတယ်ရှင် ။ | ||||||||||||||||||||||||||||||||||||||||||||||||||
- ( အ၀ါရောင်နှင်းဆီ) | ရှေ့မှာ ဘာတွေဘဲဖြစ်ခဲ့ ဖြစ်ခဲ့ ။ ဒီနေ့လေးကနေစပြီးတော့ လွတ်လပ်ပေါ့ပါးခြင်း ။ နွေးထွေးပျူငှာခြင်း ။ ကျေနပ်နှစ်သိမ့်တတ်ခြင်း ။ ကျေးဇူးတင်ရှိခြင်းတွေနဲ့ ဘ၀တစ်ခုကို လျှောက်လှမ်းတော့မယ်လို့ ဖေါ်ပြချင်ရင်တော့ အ၀ါရောင်နှင်းဆီပန်းလေးကို ပို့ပေးလိုက်ပါနော် ။ | ||||||||||||||||||||||||||||||||||||||||||||||||||
( အဖြူရောင် နှင်းဆီ) | သန့်ရှင်း စင်ကြယ်သော ချစ်ခြင်း ။ ယုံကြည်မှု ။ မင်းဟာငါ့အတွက်တော့ တစ်ကယ့်ကို ဘုရားပေးတဲ့ ဆုလာဘ်ပါဘဲ ။ ငါဟာမင်းရှိတဲ့အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်ဆိုတဲ့ခံစားချက်လေးဘဲဖြစ်ဖြစ် ။ မင်းကို ငါလွမ်းနေပါတယ် ။ ဆိုတာဘဲဖြစ်ဖြစ် ဖေါ်ပြချင်ရင်တော့ အဖြူရောင်နှင်းဆီပန်းလေးကို သာ ပေးလိုက်ပါနော် ။ ( အများအားဖြင့် ခိုင်မြဲသောအချစ်ကို ဖေါ်ကျူးပြီး မင်္ဂလာဆောင်တွေမှာ နှင်းဆီပန်းအဖြူကိုသုံးတာများပါတယ်ရှင် ) | ||||||||||||||||||||||||||||||||||||||||||||||||||
- (ခရမ်းရောင်နှင်းဆီ ) | မြင်မြင်ချင်းဘဲ ချစ်မိပါတယ်ဆိုရင်တော့ ခရမ်းရောင်နှင်းဆီလေးကိုပေးလို့ရပါတယ်နော် ။ | ||||||||||||||||||||||||||||||||||||||||||||||||||
(လိမ္မော်ရောင်နှင်းဆီ) | မင်းနဲ့မှ ချစ်တတ်ပြီပေါ့လို့ ထူးထူးခြားခြားခံစားချက်လေးကို ချစ်သူကို ပြောပြချင်ရင်တော့ လိမ္မော်ရောင်နှင်းဆီပန်းလေးကို ပေးလို့ရပါတယ်နော် ။ သူငယ်ချင်းတစ်ယောက်ယောက်က လုပ်ငန်းအသစ် စလုပ်တယ်ဆိုရင်လဲ လိမ္မော်ရောင် နှင်းဆီပန်းလေးပေးပြီး ဂုဏ်ပြုလို့ရပါတယ်လို့ ။ နှင်းဆီအရေအတွက်လေးတွေက ပြောသော စကားလေးများ ။
အားလုံးဘဲ ချစ်တတ်ခြင်းတွေနဲ့ ပျော်ရွှင်နိုင်ကြပါစေရှင် ။ နှင်းဆီသံစဉ် |
စိတ်ထင်ရာကို လုပ်တတ်သော ။ စိတ်ထင်ရာကို တွေးတတ်ပြီး တလွဲမာန ကြီးသော ကောင်မလေး မဟုတ်တဲ့ ကောင်မလေး တစ်ယောက်ဖြစ်ပါ၏
Sunday, November 28, 2010
နှင်းဆီပန်းလေးများအကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment