Sunday, November 28, 2010

ရူးသွပ်ခြင်း.......

ရူးသွပ်ခြင်း.......

နင်ဆိုတာ
ငါ့အတွက်မဖြစ်နိုင်မှန်း လည်း
ငါသိနေတယ်.....

နင်ဆိုတာ ငါ့အချစ်မသိလာမှန်းလည်း
ငါသိနေတယ် ။

နင်ဆိုတာ
ဆရာကြီးတစ်ဆူဆိုတာလဲ
ငါသိနေတယ် ။

ဒါပေမယ့်လည်း
ငါ
နင်ဆိုတာကို
ချစ်နေမိခဲ့တယ် ။

ဒါဟာ အချစ်တဲ့လားလို့လည်း
ခဏခဏ မေးမိတယ် ။

စိတ်ခဏသာယာနေတာလို့လည်း
ခဏခဏ ဖြေတယ် ။

ချစ်ရင်မှားမယ်ဆိုတာလဲ
ခဏခဏ သတိထားနေရတယ် ။

ခဏခဏလည်း သတိရနေတတ်တယ် ။

သွားပြီ
ငါတော့ နင့်ကြောင့်.................

ခဏခဏ ရူးတတ်နေပြီ ။

နှင်းဆီသံစဉ်

No comments:

Post a Comment