Friday, August 5, 2011

သမီးမောင်................(၁)

အိမ်မက်တစ်ခုလား ........ကလေးရယ်

ငါ့ ၀မ်းဗိုက် နေရာ ကျဉ်းကျဉ်းလေးထဲ တွန့်လိမ်ကောက်ကွေး လူသားလေးတဲ့ .........
လက်တံ ရှည်ရှည် . ခြေတံရှည်လေးနဲ့ဂျမ်းထိုးမှောက်ခုံ ...ကစားနေလေရဲ့ ။
မိဘမေတ္တာ ..ငါ အထူးတလည် မဖွဲ့ဆိုတတ်ပါဘူး ။
ငါ့ ဗိုက်ထဲက ဒီလူသားလေး ငါကိုယ်တိုင် မြင်ရတော့
ငါလေ........ဒီလူသားလေး အသက်ရှူကြပ်မှာလဲ ကြောက်မိပါရဲ့ ။
ငါလေ ..... ဒီလူသားလေး ပြုတ်ကျသွားမှာလဲ စိုးမိပါရဲ့ ။
ငါမစားဘူးတဲ့ အစားတွေကို ဒီလူသားလေးအတွက် တကူးတကစား ။
စိတ်မြန်လက်မြန် ရှိတတ်တဲ့ ငါ့စရိုက် အခုတော့ ဇောက်ထိုး
ဒီလူသားလေးအတွက် ငါကြိုက်တဲ့ အစပ်မစားချင်တော့ဘူး ။
ငါ ကြိုက်တဲ့ သရဲကား မကြည့်ချင်တော့ဘူး ။
ငါကြိုက်တဲ့ ၀ုန်းဒိုင်းကျဲ သီချင်းတွေ နားမထောင်တော့ဘူး ။ 
ငါမကြိုက်တဲ့ နို့တွေ သောက်တယ် ။ငါမအိပ်ချင်ဘဲ အစောကြီး အိပ်ပစ်တယ် ။
ငါ မကြိုက်တဲ့ ဆေးတွေသောက်တယ် ။
ငါ့ ဘ၀ ။ ငါ့အချိန် ။ အားလုံးအားလုံး
ဒီလူသားလေးအတွက် ငါ လုပ်ပေးချင်နေမိတယ် ။
တစ်နေ့ တစ်နေ့ ဒီလူသားလေး ကိုစကားတွေပြော ။
ငါမငြီးမငြူနဲ့ပေါ့ ............

နှင်းဆီသံစဉ်

No comments:

Post a Comment