Sunday, November 28, 2010

ယောက်ျား ယောက်ျား

နှင်းဆီသံစဉ် စာ စရေးကာကလေးက ။ ဘလော့ဆိုတာကို စတင်ပြီးရေးကာစလေးက ရေးဖြစ်ခဲ့တဲ့

ယောက်ျားအကြောင်းလေးပါ ။

အခုနေ ပြန်ဖတ်ကြည့်တော့လဲ ရယ်မိပါတယ် ။

ဖေါ်ဝပ် မေးလ်ကနေ တော်တော်များများကို နှင်းဆီသံစဉ်ရဲ့နာမည်မပါဘဲနဲ့ ပျံ့နှံ့ သွားခဲ့တဲ့ မေးလ်လေးပါ ။

အမှတ်တရ အနေနဲ့ ပြန်တင်ပေးခြင်း ဖြစ်ပါတယ်ရှင် ။

မည်သူ့ကိုမှ မရည်ရွယ်ပါနော် ။


အော် .............ယောက်ျား........ယောက်ျား.......
ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် ပြောပါလိမ့်မယ် .... '
သူ့ကိုကြိတ်ကြိုက်နေတယ် ' ... လို့
အဲလိုမှ မလုပ်ပြန်ရင်လဲ
... ' အဲဒီ မိန်းမက ဘာမှ မဟုတ်ပါဘူးကွာ ' ... တဲ့


သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ် ... ' သူ့ရုပ်နဲ့ပဲများနေတာ ' ... လို့
အဲလိုမှ မ၀တ်ပြန်ရင်လဲ
' တိုက်ဂေါ 'တဲ့


သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် ...' စွာတေးမ '...လို့
ငြိမ်နေပြန်တော့လဲ ... ' ငတုံးမလေးပါကွာ...ငါလိမ့်ချင်သလို
လိမ့်လို့ရပါတယ် ' ...တဲ့


သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် ... ' ငဖျံမ '...လို့
သူကများ ပိုတော်နေရင်တော့လဲ ...' အရည်အချင်းကြောင့်
'...တဲ့


သူ့ကိုများ မကြိုက်ဘူးဆိုရင် ... " လက်ဖက်ရည်ဆိုင်မှာ
ရေနွေးအိုးတအိုးနဲ့ တစ်နေ့လုံးထိုင်ပြီး...ဒီစော်က
ဘာကြီးဘာကွာ....ညာကြီးပါကွာ.....ဘယ်တုန်းကငါနဲ့ဘယ်လို....ဘာဖြစ်ခဲ့တယ်...ညာဖြစ်ခဲ့တယ်...

အခုမှ
အထာတွေပိုနေတာပါကွာ......စတဲ့စတဲ့....အတင်းတွေပြောလာပါလိမ့်မယ်။
သူ့ကို ကြိုက်မိပြန်တော့လဲ ... သင့်ကို အနိုင်ကျင့်နည်းပေါင်းစုံနဲ့
တရားဝင် အနိုင်ကျင့်လာပါလိမ့်မယ်....


ချစ်နေတဲ့ အမူအရာများ ပြမိရင်ပြောပါလိမ့်မယ် ... ' ငါကဒီစော်ကို
ပိုင်ပါတယ်ကွာဆိုပြီး နောက်ကွယ်မှာ လျှောက်ဖေါဦးမယ်....
အဲလို အမူအရာမပြပြန်တော့လဲ ... ' မင်းကတကယ်မချစ်လို့
ငါအသစ်ရှာတာစမ်းသလား '...တဲ့


အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် ... ' ပစိပစပ် '...လို့
မတိုင်ပင်ဘဲ နေပြန်တော့လဲ ... ' သူ့ကို မယုံကြည်လို့
'...တဲ့

သူ့ကိုများ အော်ငေါက်မိရင် ပြောပါလိမ့်မယ် ...' ယောက်ျားကိုလွှမ်းမိုးမယ့်မိန်းမ
' ...လို့
သူကများ အော်ငေါက်ရင်တော့ ' ဆုံးမတာ '...တဲ့

ပေးထားတဲ့ ကတိ ဖျက်မိရင် ပြောပါလိမ့်မယ် ... ' ကတိမတည်တဲ့မိန်းမ
'...လို့
သူဘက်ကဖျက်ရင်တော့ ...' မလွဲမရှောင်သာလို့ပါ ' ...တဲ့

မိန်းကလေး......... shopping သွားမိရင် ပြောပါလိမ့်မယ်
...'ပိုက်ဆံဖြုန်းတဲ့မိန်းမ..လို့
သူ ပိုကာ ဆွဲတာကျတော့ ...' အပျင်းပြေပါ '...တဲ့

မိန်းမလေးများအောင်ြမြင်လာရင် ပြောပါလိမ့်မယ် ...' သူအားပေးတတ်လို့ပါ
'...လို့
သူအောင်မြင်လာရင်တော့ ... ' အရည်အသွေးကြောင့် ' ...တဲ့

သူများကိုများ မတော်တဆ နာကျင်စေမိရင် ပြောပါလိမ့်မယ်
... 'အကြင်နာတရားကင်းတဲ့မိန်းမ' ...လို့
သူ့ကြောင့်များ မိန်းကလေး ခိုက်မိရင်တော့ ... ' အထိမခံ ရွှေပုဂံ ' ...တဲ့

သူနဲ့ အတူတူ အပြင်သွားလို့ သူပိုက်ဆံ ရှင်းရမယ်ဆိုရင်
......၀လာမှာစိုးလို့နည်းနည်းပဲစားတဲ့......
မိန်းကလေးက ရှင်းမယ်ဆိုရင် အစားဆိုတာ ကောင်းကောင်းစားရတယ်တဲ့

ယောက်ျားတွေ အကြိုက် ဆယ်ခါလိုက်လဲ မလိုက်တစ်ခါ ရှိခဲ့ပါမူ...
သွားပုတ်လေလွင့်..လျှောက်ပြောတတ်၏( blog တွေလည်း လျှောက်ရေးတတ်၏် ..)တဲ့......


ရည်းစားသက်တမ်းကြာလာလို့ သူတို့အသစ်ကလေးရှာချင်ပြီဆိုရင်.......မင်းကို
ချစ်တာမဟုတ်ခဲ့ပါဘူး ...ခဏ သာယာမိတာပါတဲ့........(ဗလောင်းဗလဲ
ကိုကောင်းကောင်းပြောတတ်သေးပါတယ်..............)

ဒီစာကို ယောက်ျားတွေဖတ်မိရင် ပြောပါလိမ့်မယ် ... ' မဟုတ်မဟတ်တွေ'...လို့..

မဖတ်မိပြန်တော့လဲ ဟုတ်နေကြတာဘဲ…………

ရည်းစားစကားစပြောတဲ့အချိန်မှာတော့ " မင်းနဲ့မှ ကိုယ်စပြီး အချစ်ဆိုတာကိုသိတာ " တဲ့ ။ မင်းကိုမှ ကြွေမိသွားတာဆိုဘဲ.....

ရည်းစားအသစ် ကိုဆိုရင်တော့ " အရင်ရည်းစားတွေကို ကိုယ်ကစပြီးချစ်တယ် မပြောဘူးဘူးတဲ့ " ......" အရှေ့ကတစ်ယောက်က သူကကြွေနေလို့ ကိုယ်က မျောမိသွားတဲ့ ၊


ယောက်ျားမကောင်းကြောင်းရေးထားတာ မဟုတ်ဘူးနော် သူငယ်ချင်းတို့ ကို
ချစ်လွန်းလို့ယောကျာ်းတွေရဲ့ မကောင်းတဲ့အကျင့်ကိုရေးထားတာနော် ……

ဒါပေမယ့်ယောက်ျားတိုင်းတော့ မဟုတ်ဘူးနော်

မှတ်ချက်
ရန်ဖြစ်ချင်လို့မဟုတ်ပါ။ မိန်းကလေးတွေရဲ့ သနားစရာ ဘ၀ ကို အသိပေးခြင်းသာ ဖြစ်ပါသည်။


ရေးသားချိန်

(01-08-2009)

No comments:

Post a Comment